April 2023

ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာတဲ့ ဖိလစ်ပိုင်မှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုး ထုတ်ပြန်

မနီလာ – ဧပြီ(၂၅) ဖိလစ်ပိုင်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာပြီးနောက် မနီလာမြို့တော်အနှံ့က မီးရထား ဘူတာတွေတွေမှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုးထုတ်ပြန်လိုက်ပါတယ်။ ခရီးသည်တွေအနေနဲ့ ပင်မ MRT လိုင်း၊မီးရထားလိုင်းနှစ်လိုင်းနဲ့ လူပေါင်း(၁၄) သန်းနေထိုင်ရာ မြို့ကြီး(၁၆) မြို့ဖြစ်တဲ့ မနီလာမြို့ကို ဖြတ်ကျော်သွားတဲ့ အဓိကရထားလိုင်းကို အသုံးပြုချိန်မှာ Mask ဆက်လက်ဝတ်ဆင်ရမှာဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်တာကို အများသူငှာနေရာတွေမှာ ၂၀၂၂ ခုနှစ်…

ဂျပန်နိုင်ငံ LGBTQ အရေးတိုးတက်မှုရှိဖို့ G-7 ထိပ်သီးအစည်းအဝေးလာရောက်ချိန်မှာ တောင်ဆို

တိုကျို – ဧပြီ(၂၅) ဂျပန်မှာ LGBTQ အခွင့်အရေးတွေ တိုးတက်လာမှုကို ဂုဏ်ပြုပြီး လိင်တူလက်ထပ်တာကို တရားဝင် အသိအမှတ်ပြုတဲ့ တခြားအဆင့်မြင့်နိုင်ငံတွေနဲ့ ပူးပေါင်းဖို့အတွက် လေနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် လူအုပ်ကြီးက အလံဝှေ့ယမ်းပြီး ချီတက်တောင်းဆိုခဲ့ကြပါတယ်။ လိင်တူလက်ထပ်တာကို အသိအမှတ်မပြုတဲ့ G-7 ရဲ့ တစ်ခုတည်းသော အဖွဲ့ဝင်ဖြစ်တဲ့ ဂျပန်ဟာ လာမယ့် လမှာ စက်မှုအင်အားကြီး (၇)…

ဒီးမော့ဆို အရှေ့ခြမ်းက ဒေသခံတွေမရှိတော့တဲ့ ရွာ(၃) ရွာကို စစ်တပ်မီးရှို့ဖျက်ဆီး

ဒီးမော့ဆို – ဧပြီ(၂၄) ကယားပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေါတမကြီး ကျေးရွာအုပ်စုထဲက ကျေးရွာ (၃) ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လအကုန်ပိုင်းကနေ ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီက အဲဒီကျေးရွာ (၃) ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့…

တော်လှန်ရေး(၂) နှစ်တာအတွင်း စစ်ကောင်စီဘက်က (၄၅၀) ကျော်သေဆုံးခဲ့တယ်လို့ CDF Mindat ထုတ်ပြန်

မင်းတပ် – ဧပြီ(၂၄) အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်ခဲ့တဲ့ (၂) နှစ်တာအတွင်း CDF Mindat လက်ချက်နဲ့ စစ်ကောင်စီတပ်သား (၄၅၄) ဦးသေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Mindat က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဧပြီလ(၂၄) ရက်နေ့မှာ ကျရောက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ကိုင်ခုခံ တော်လှန်ရေး (၂) နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။ ပြီးခဲ့တဲ့…

ဖားကန့်မြို့က KTV မှာ စစ်ကောင်စီဒုတပ်ရင်းမှူးနဲ့ အပေါင်းအပါ ကျောက်လုပ်ငန်းရှင်(၄) ဦး ပစ်ခတ်ခံရ

ဖားကန့် – ဧပြီ(၂၃) ကချင်ပြည်နယ်၊ ဖားကန့်မြို့က KTV တစ်ခုမှာ စစ်ကောင်စီ တပ်မ – ၃၃ လက်အောက်ခံ ဒုတပ်ရင်းမှူးဗိုလ်မှူးဇော်မောင်အပါအဝင် ကျောက်လုပ်ငန်းရှင်(၄) ဦးပစ်ခတ်ခံခဲ့ ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ(၂၃) ရက်နေ့ မနက်အစောပိုင်းက Happy KTV မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး (၅) ဦးလုံး နေရာမှာပဲ…

စစ်ကောင်စီတပ်စခန်း ၄ ခုကို KNLA ပူးပေါင်းတပ် တပြိုင်ထဲ ဝင်တိုက်၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး သေဆုံး

ညောင်လေးပင်- ဧပြီ(၂၃) KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို မနေ့ဧပြီ(၂၂)ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)ပူး ပေါင်းအဖွဲ့က တပြိုင်ထဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့် အပါအဝင် (၁၆)ဦးသေဆုံးခဲ့ပြီး တပ်စခန်း(၂)ခုကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က ထုတ် ပြန်ပါတယ်။ မနေ့ ဧပြီ(၂၂)ရက်နေ့ မနက်(၄)နာရီခွဲကနေ (၅)နာရီခွဲအတွင်း KNU ညောင်လေးပင်ခရိုင်…

တနင်္သာရီမြို့နယ်ပဖကထံ စစ်ကောင်စီရဲတပ်သားတစ်ဦး CDM ပြုလုပ်

တနင်္သာရီ၊ ဧပြီ(၂၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဧပြီ ၂၁ ရက်နေ့က စစ် ကောင်စီ ရဲတပ်သားတစ်ဦး အာဏာဖီဆန်ရေး CDM ပြုလုပ်လာတယ်လို့ မြို့နယ် ပကဖတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်သားဟာ တပ်သားမင်းအုပ်ဆိုသူဖြစ်ပြီး ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ်၊ မောရဝတီရဲစခန်းကနေ ထွက်ခွာလာသူဖြစ်တယ်လို့ သိရပါတယ်။…