April 2023

ရန်ကင်းက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို အနုကြမ်းဝင်စီးတဲ့ သေနတ်အတုနဲ့လူ ဖမ်းဆီးခံရ

ရန်ကုန် – ဧပြီ(၂၉) ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်(၄) ရပ်ကွက် ရန်ကင်းလမ်းမှာရှိတဲ့ သမာအာဇီဝ ငွေကြေးလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို သေနတ်အတုနဲ့ အနုကြမ်းဝင်စီးခဲ့တဲ့အမျိုးသားတစ်ဦး နေရာမှာတင် ဖမ်းဆီး ခံလိုက်ရတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၂၉) ရက်နေ့ နေ့လည်(၁) နာရီဝန်းကျင်က အမျိုးသားတစ်ဦးဟာ သေနတ် အတုနဲ့ ဓားအတိုတစ်ချောင်း ကိုင်ဆောင်ပြီး…

ပဇီကြီးဖြစ်စဉ်ရဲ့ စစ်ကောင်စီသတင်းပေး (၄) ဦးကိုဖမ်းဆီးရမိထားတယ်လို့ NUG ထုတ်ပြန်

ကန့်ဘလူ – ဧပြီ(၂၉) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ စစ်ကောင်စီကို သတင်းပေးခဲ့သူ (၄) ဦးကို ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိသူတွေဖြစ်တဲ့ ဦးသိန်းရွှေ(၅၃) နစ်၊ဦးချို(၆၁) နှစ်၊ဦးဇော်မင်း(၃၆) နှစ်နဲ့ ဒေါ်ယဉ်ယဉ်ဝင်း (၃၀) နှစ်တို့ ဖြစ်ပြီး သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၄ နဲ့အမှုဖွင့်လှစ်ထားတယ်…

ဗဟန်းမြို့နယ်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ရန်ကုန် – ဧပြီ(၂၉) ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနဲ့ မဟူရာ လမ်းထောင့်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန့် ဆိုသူ ပစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့ ရန်ကုန် တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၂၉) ရက် မနက်(၁၀) နာရီဝန်းကျင်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်း ဖြစ်သူ ဟာ သေနတ်ဒဏ်ရာ…

မယ်ခါးထာ့စခန်းပြန်သိမ်းဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်အထိနာပြီး ဆုတ်ခွာသွားရ

ဖာပွန်၊ ဧပြီ(၂၉) KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ မယ်ခါးထာ့တပ်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့ စစ်ကောင်စီတပ်က မြေပြင်နဲ့ဝေဟင်ကနေတစ်ဆင့် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထိ ခိုက်သေဆုံးမှုများပြားခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ တပ်မဟာ(၅) သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်က မယ်ခါးထာ့တပ်စခန်းကို ပြန်လည်ရရှိနိုင်အတွက် လတ်တလောမှာ အပြင်းအ ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အသေးစိတ်အခြေအနေကိုတော့ လတ်တလောမှာ မပြောဆိုနိုင်သေးကြောင်း တပ်မဟာ(၅) ပြောခွင့်ရသူက ဆိုပါတယ်။…

ဟာသ သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်

ရန်ကုန် – ဧပြီ(၂၉) ဟာသ သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်သွားတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက ပရိသတ်တွေကို အသိပေးလာပါတယ်။ ဒီနေ့ ဧပြီလ(၂၉) ရက်နေ့ မနက်(၆)နာရီ(၃၀) က ပုလဲမြို့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ လူကြီးရောဂါ နဲ့ ကွယ်လွန်သွားတာဖြစ်တယ်လို့ သရုပ်ဆောင် ဝေဠုကျော်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပြီး ကွယ်လွန်ချိန်မှာ အသက်ဘယ်လောက်ရှိတယ် ဆိုတာတော့ မဖော်ပြထားပါဘူး။…

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေ

တနင်္သာရီ၊ ဧပြီ(၂၉) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ ဧပြီ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြန်လည်ဖြစ်ပွားနေတယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွား ရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာပါ။ ဧပြီ ၂၈ ရက်နေ့မှာလည်း ကမလိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ…

စစ်အာဏာသိမ်း (၈၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၄၇ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၂၉) AAPP ရဲ့ ဧပြီ(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၁၇)ရက်အတွင်း ပြည်သူ (၃၄၄၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၆၃၂ ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၉၀၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

ပြည်တွင်းရွှေဈေးနှုန်း ထပ်မံမြင့်တက်လာပြီးနောက် အရောင်းအဝယ် ရပ်တန့်လုနီးပါးဖြစ်နေ

မော်လမြိုင်၊ ဧပြီ(၂၉) ဒေါ်လာဈေးနှုန်းနဲ့အတူ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်းဟာ အခုရက်ပိုင်းအတွင်း တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်အထိ ထပ်မံမြင့်တက်လာတာကြောင့် အရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ အခုဧပြီလအတွင်း မီလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၉ သိန်းဝန်းကျင်သာရှိရာကနေ ဧပြီနောက်ဆုံးအပတ်မှာတော့ ကျပ်သိန်း ၃၀ ကျော်အထိ ဈေးနှုန်း…

NLD ပါတီရုံးတွေ ကျူးကျော်ဝင်ရောက် ဖျက်ဆီးခံရမှု ၁၀၂ ကြိမ်အထိရှိလာ

ရန်ကုန် ၊ ဧပြီ (၂၉) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုရုံးအပါအဝင် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာရှိတဲ့ ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးခံရမှု ၁၀၂ ကြိမ်အထိ ရှိလာတယ်လို့ စမ်းချောင်းမြို့နယ် NLD ပါတီ ဒုတိယဥက္ကဌ ဦးဘိုဘိုဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားတဲ့ ၂၀၂၁…

ကင်မွန်းချောင်းရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး လိုင်းခန်းမီးလောင်၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ

ကျိုက်ထို၊ ဧပြီ(၂၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိပြီး လိုင်းခန်းတချို့ မီး လောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ပြောပါတယ်။ ဧပြီ ၂၇ ရက်နေ့ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်တဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF…