ဘီလူးကျွန်းဘုရားပွဲမှာ မွန်ရိုးရာ လှည်းအလှပြိုင်ပွဲ ကျင်းပ
ချောင်းဆုံ၊ ဧပြီ ၂၂ မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ကမာမိုရွာဘုရားပွဲမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ မွန်ရိုးရာ လှည်းယဉ်ကျေးမှုအလှပြိုင်ပွဲကို ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပသွားခဲ့ကြပါတယ်။ ဘီလူးကျွန်း ၆၄ ရွာ ဘုရားပွဲ ဟု လူသိများတဲ့ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်းရှိ ကျေးရွာ ဘုရားပွဲတွေကို နှစ်စဉ် သင်္ကြန်အကြိုနေ့က စတင်ပြီး ရွာစဉ်အလိုက်…