ရန်ကုန် – ဧပြီ(၂၉)

ဟာသ သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်သွားတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက ပရိသတ်တွေကို အသိပေးလာပါတယ်။

ဒီနေ့ ဧပြီလ(၂၉) ရက်နေ့ မနက်(၆)နာရီ(၃၀) က ပုလဲမြို့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ လူကြီးရောဂါ နဲ့ ကွယ်လွန်သွားတာဖြစ်တယ်လို့ သရုပ်ဆောင် ဝေဠုကျော်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပြီး ကွယ်လွန်ချိန်မှာ အသက်ဘယ်လောက်ရှိတယ် ဆိုတာတော့ မဖော်ပြထားပါဘူး။

သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ)ဟာ ပရိသတ်ချစ်ခင်နဲ့ အနုပညာရှင်ဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေအပါအဝင် အငြိမ့်ပြဇာတ်တွေနဲ့ လူသိများသူတစ်ဦးဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဦးဝင်းနိုင်(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.