ရန်ကုန် – ဧပြီ(၂၉)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနဲ့ မဟူရာ လမ်းထောင့်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန့် ဆိုသူ ပစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့ ရန်ကုန် တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုအတည်ပြုပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၂၉) ရက် မနက်(၁၀) နာရီဝန်းကျင်မှာ စစ်ကောင်စီ ဗိုလ်မှူးဟောင်း ဖြစ်သူ ဟာ သေနတ်ဒဏ်ရာ (၂) ချက်နဲ့ ရှင်းလင်းခံခဲ့ရတာပါ။

“ပစ်ခတ်မှုဖြစ်သွားတာ မှန်ပါတယ်။ သေနတ်နဲ့ ပစ်သွားတာက (၂) ယောက်လို့သိရတယ်။ တခြား အသေးစိတ်အချက်အလက်တွေကတော့ ပြောလို့မရဘူး” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဗ်ိုလ်မှူးဟောင်း ဦးမင်းသန့်ဆိုသူဟာ နေအိမ်က SUZUKI SWIFT အနီရောင်ယာဉ်နဲ့ ထွက်လာချိန် ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရ တာဖြစ်ပြီး ယာရင် ဘက်ဖောက်ဝင်ဒဏ်ရာ(၂) ချက်/ကျောကုန်းဖောက်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါ တယ်။

အခင်းဖြစ်ပွားရာနေရာမှာ 9MM ကျည်ခွံ(၄) ခုကို တွေ့ရှိထားရပြီး သေဆုံးသူ ဗိုလ်မှူးဟောင်း ဦးမင်းသန့်ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.