တိုကျို၊ ဧပြီ(၃၀)

ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူတွေကို ကိုဗစ်ကာကွယ်ဆေးသုံးကြိမ်ထိုးနှံထားသော သက်သေခံချက် ဒါမှမဟုတ် ကိုဗစ်မရှိကြောင်း Pre Departure စစ်ဆေးချက် ပြသရတဲ့ လိုအပ်ချက်အပါအဝင် စည်းကမ်းချက်အများအပြားကို ရုပ်သိမ်းသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ အားလပ်ရက် ပိတ်ရက်တွေ မတိုင်မီဒီစည်းကမ်းတွေကို ဖြေလျော့လိုက်တာကြောင့် နိုင်ငံခြားသားခရီးသည် အမြောက်အမြားဝင်ရောက်လာမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မေလ ၈ ရက်နေ့အထိ နိုင်ငံအတွင်း သို့ ရောက်ရှိလာသူတွေအနက်မှ ရောဂါလက္ခဏာရှိသူတွေကတော့ ကိုဗစ် စစ်ဆေးချက်ကို ခံယူရမှာဖြစ်ပြီး ရောဂါပိုးရှိပါက သတ်မှတ်ထားတဲ့ ကွာရန်တင်းစင် တာတွေမှာ နေထိုင်ရမှာပါ။

မေလ ၉ ရက်နေ့ နောက်ပိုင်းမှာတော့ ရောဂါလက္ခဏာရှိသူတွေ အနေနဲ့ မိမိဆန္ဒအလျောက်သာ စစ်ဆေးမှုကို ခံယူနိုင်မှာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ တရုတ်ပြည်မကြီးက လာရောက်မယ့်သူတွေကို ဦးတည်တဲ့ အထူးကန့် သတ်ချက်တွေဖြစ်တဲ့ ကျဘမ်းစစ်ဆေးတဲ့ စနစ်ကိုလည်း လျော့ချထားပြီလို့ ဆိုပါတယ်။

ဂျပန်အစိုးရကတော့ မေလ ၈ ရက်နေ့မှာ ကိုဗစ်ကို ရာသီတုပ်ကွေးရောဂါအဖြစ် ကြေငြာဖို့ အပါအဝင် သတ်မှတ်ထားတဲ့  ပြောင်းလဲချက်တွေအတိုင်း ဆောင်ရွက်ဖို့ စီစဉ်ထားခဲ့ပေမယ်လည်းလာမယ့် အားလပ်ရက်စတင်ချိန်ဖြစ်တဲ့ စနေ့နေ့ကစတင်ပြီး  ခရီးသွားရာသီအတွက် လျှင်လျှင်မြန်မြန် ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဂျပန်အစိုးရဟာ မတ်လမှာ နှာခေါင်းစည်းတပ်ဆင်ဖို့ ကန့်သတ်ချက်ကို ပယ်ချခဲ့ပြီး လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာနိုင်ကြောင်း သတ်မှတ်ထားခဲ့တာပါ။ လူစည်ကားတဲ့ ရထားတွေ၊ ဆေးရုံတွေနဲ့ အခြားအများ ပြည်သူဆိုင်ရာနေရာတွေ၊  သက်ကြီးရွယ်အိုတွေနဲ့ အခြားထိခိုက်လွယ်သူတွေအနီးမှာတော့ နှာခေါင်းစည်း တပ်ဆင်ထားဖို့ အကြံပြုထားပါတယ်။

ဒီလိုတွေဖြေလျော့လိုက်ပေမယ့်လည်း ဂျပန်နိုင်ငံသား အများစုကတော့ နှာခေါင်းစည်းကို ဆက်လက် ဝတ်ဆင်မြဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ COVID-19 ကို SARS နဲ့ တီဘီရောဂါတို့နှင့်အတူ Class 2 ရောဂါအဖြစ် အမျိုးအစားခွဲခြားထားပြီး လူနာတွေနဲ့ သူတို့နဲ့ အနီးကပ်ထိတွေ့မှုတွေကို ကန့်သတ်ဖို့ အစိုးရမှ အရေးပေါ်အစီအမံတွေကို ထုတ်ပြန်ခွင့်ပြုထားပါတယ်။

အဲဒီလို ကူးစက်တတ်ပြီး Class 2 အကျုံးဝင်တဲ့ ရောဂါတွေကို Class 5 သို့ အဆင့်နှိမ့်ချလိုက်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့  စည်းမျဉ်းတွေအားလုံးကို ပယ်ဖျက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
Ref, CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.