KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီ ပ ထမအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန် နေသလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က လေကြောင်းတိုက်ခိုက်တာအပြင် အတွဲလိုက်ဒုံးပစ်ခတ် တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဒါကြောင့် စစ်ကောင်စီဘက်က KNU နယ်မြေထဲမှာ အပြင်းအထန် စစ်ဆင်ရေးတွေ လုပ်လာတဲ့အခြေအနေ၊ နေရပ်စွန့်ခွာထွက်ပြေးတဲ့ ဒုက္ခသည်အရေး၊ KNU ထဲ စစ်ကောင်စီတပ်သားတွေ အလင်းဝင်လာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစော တောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး မြဝတီမြို့နယ်တောင်ဘက် တပ်မဟာ(၆)နယ်မြေ မဲကနယ် ကျောက်တောင်ဘက်မှာ စစ်ကောင်စီက မြေပြင်ရော၊ ဝေဟင်ကနေပါ ထိုးစစ်ဆင်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ အဲဒီထိုးစစ်ဆင်မှုအပေါ် သုံးသပ်ပေးပါဦး။ နောက်ဆုံး စစ်ရေးအခြေအနေက ဘယ်လိုဆက်ရှိနေပါသလဲ။
လက်ရှိမြဝတီမြို့နယ်တောင်ဘက် တပ်မဟာ၆နယ်မြေ မဲကနယ်ဘက်မှာတော့ အကြီးအကျယ်ထိုးစစ်ဆင်နေတယ်။ မြေပြင် မှာရော၊ လေတပ်နဲ့ ဗုံးကြဲတာရောရှိတယ်။ ကျွန်တော်တို့ နားလည်တာက သူနယ်မြေတွေ ဆုံးရှုံးသွားပြီ။ နယ်မြေတွေကို ဘယ်လိုမှထိန်းချုပ်လို့ မရတော့ဘူး။ ဘယ်လိုမှ စိုးမိုးလို့မရဘူးဆိုတာ ရှင်း ရှင်းလင်းလင်းဖော်ပြလိုက်တာပဲ။ သူက လုံးဝ လက်ခံနိုင်ဖို့မရဘဲ ပြန်ပြီးတော့ထိုးစစ်ဆင်တာပဲ။ လက်ရှိအ ခြေအနေအရ သူဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်ဘူးဆိုတာ ရှင်းနေတာပဲလေ။
-စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် အရပ်သားတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်၊ အိုးအိမ်အများအပြား ထိခိုက်ရတယ် စစ်ဘေးရှောင်ဦးရေတွေ ထပ်တိုးလာနေတာပေါ့ ။ ဒီလိုလုပ်ရပ်တွေအပေါ် ဘယ်လိုမှတ်ချက် ပေးချင်ပါလဲ။ စစ်ရှောင်အရေးနဲ့ ပတ်သက်ပြီး ကေအန်ယူအနေနဲ့ ချိတ်ဆက်ကူညီလုပ်ဆောင်မှုတွေ ဘယ် လိုရှိပါသလဲ။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုလို့သာပြောနေတာ။ သူလုပ်နေတာက အရပ်သားတွေကိုပစ်မှတ်ထား လုပ်နေတာ ပဲလေ။ လေယာဉ်တွေနဲ့ဗုံးကြဲတယ်။ လက်နက်ကြီးတွေနဲ့ပဲ တိုက်ပွဲမဖြစ်ဘဲ နေ့ရော၊ ညရော အရပ်သားတွေ လူထုတွေပုန်းနေတဲ့ရွာတွေကို လိုက်ပစ်နေတာပဲလေ။ စစ်ဘေးရှောင်တွေတိုးနေတာပဲလေ။ သူလုပ်နေတာ တွေက စစ်ရေးရာဇဝတ်မှုထဲပါတယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေက တစ်ခုပြီးတစ်ခု ကျူးလွန်နေ တာပဲလေ။ သူရုန်းထွက်မရနိုင်ပဲ ဒီနွံထဲမှာ တဝဲလည်လည်နဲ့ ထပ်ပြီးတော့ မထူးဇာတ်ခင်းနေတာပဲ။ ကျွန်တော် တို့ ဘက်ကတော့ စစ်ရှောင်အရေးကို ကိုယ့်ပြည်သူလူထုဖြစ်တဲ့အတွက်ကြောင့် သူတို့စားရေးသောက်ရေး အ ရေးပေါ်လိုအပ်တာတွေတော့ မနားမနေ ကျွန်တော်တို့က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ ရှာ ပေးနေပါတယ်။ ကျွန်တော်တို့ နယ်မြေထဲမှာ ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၃ထဲမှာ စစ်ရှောင်တွေက ငါးသိန်းကျော်သွားပြီ။
-တနေ့က ကေအဲန်ယူ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်လာတာရှိတယ်။ ကေအန်ယူ ထံ စစ်ကောင်စီတပ်သားတွေရဲ့ အလင်းဝင်ရောက်လာမှု အခြေအနေဘယ်လိုရှိလဲ၊ အရေအတွက်ဦးရေက ခန့် မှန်းခြေပေ့ါ။ ဘယ်လောက်ထိရှိပြီလဲ၊ ဘယ်လိုထားရှိဆောင်ရွက်ပါလဲ။
စစ်ကောင်စီတပ်ဘက်ကနေ တပ်သားတွေ အလင်းဝင်တယ်ဆိုတာ တောက်လျောက်ဖြစ်နေတဲ့ ကိစ္စပဲလေ။ သူတို့မခံနိုင်တော့ဘူး။ မြေပြင်တပ်တွေက အခြေအနေ စိတ်ဓာတ်ရေးရာအခြေအနေယိမ်းယိုင်ပြီးတော့ စစ် တိုက်ချင်တဲ့ စိတ်လည်းမရှိ၊ ပွဲတိုင်းမှာလည်း အသေအပျောက်တွေများ၊ ထိုးစစ်ဆင်ပြီဆိုတာသာ ပြောတာ တကယ်တမ်းတိုက်ပွဲဖြစ်ရင် ထွက်ပြေးတာနဲ့ ပစ္စည်းတွေထား လက်နက်ချထားပြေးတာနဲ့။ အဲဒါကြောင့်မို့ စိတ်ဓာတ်ကျပြီးရင်းကျ၊ မြေပြင်အခြေအနေက လုံးဝမဟန်တော့ဘူး။ အများဆုံးသူတို့ကာမိဖို့အတွက်ဆို လေယာဉ်ပျံနဲ့ ဗုံးကြဲတာပဲတွေ့နေရတာပဲ။ ဒါကလွဲလို့ သူတို့မှာအခြေအနေမဟန်ဘူးဆိုတာ ပြသနေတာပဲ။ အလင်းဝင်လူတဲ့အရေအတွက် ပြောဖို့ကျခက်နေတာပေါ့။ ကျွန်တော်တို့မှာ ဒေသအသီးသီးမှာရှိနေတော့ ဒီကိစ္စကိုသီးသန့် ကိုင်တွယ်တဲ့လူပဲ ပိုသိပါလိမ့်မယ်။