ဘယ်ဂိုရော့ဒ် – ဧပြီ(၂၃) 

ရုရှားနိုင်ငံပိုင် Sukhoi-34 လို့ခေါ်တဲ့ အသံထက်မြန်တဲ့ တိုက်လေယာဉ်တစ်စင်းဟာ ယူကရိန်း အနီးက ဘယ်ဂိုရော့ဒ်မြို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ(၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။ 

အခင်းဖြစ်ပွားတဲ့နေရာက ရုပ်သံမှတ်တမ်းတွေအရ လမ်းပေါ်မှာ ကွန်ကရစ်တွေ၊ ပျက်စီးနေတဲ့ ကားတွေ၊ ပြတင်းပေါက်အကွဲတွေနဲ့ ပျက်စီးနေတဲ့ အဆောက်အအုံကို တွေရပြီး စတိုးဆိုင် တစ်ဆိုင်ရဲ့ ခေါင်မိုးပေါ်မှာ ကားတစ်စီးဇောက်ထိုးဖြစ်နေတဲ့ပုံလည်း ပြသထားပါတယ်။ 

မြို့ခံအုပ်ချုပ်ရေးမှူးက ဒီအခြေအနေနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာခဲ့ကာ အဓိက လမ်းမတွေမှာလည်း မီတာ(၂၀) အရှိည်ရှိတဲ့ မီးလောင်ကြွင်းတစ်ခုရှိနေသလို ကား(၄) စီး အပြင် တိုက်ခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုထားတာပါ။ 

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် လူအသေပျောက်မရှိခဲ့ဘူး” လို့ မြို့တော်ဝန်က သူ့ရဲ့ တယ်လီဂရန်မှာ ထုတ်ပြန်ထားပြီး တိုက်ခန်းအဆောက်အအုံတစ်ခုကိုလည်း ညတွင်းချင်း ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ထည့်သွင်းပြောထားပါတယ်။ 

အသံထက်မြန်တဲ့ Su-34 လေယာဉ်တစ်စင်းဟာ ခဲယမ်းတွေကို မတော်တဆ ပစ်ချမိခဲ့တာဖြစ် တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြထားပါတယ်။ 

“Sukhoi Su-34 လေတပ်လေယာဉ်တစ်စင်း ဘယ်ဂိုရော့ဒ်မြို့မှာ ပျံသန်းနေချိန်မှာပဲ လေကြောင်း ကျည်ဆန်တွေ မတော်တဆ လွတ်ကျခဲ့တာပါ” လို့ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ပါ။ 

ထုတ်ပြန်ချက်မှာ ဘယ်လိုလက်နက်အမျိုးအစားတွေ ပါဝင်တယ်ဆိုတာ တိတိကျကျဖော်ပြထား တာမရှိပေမယ့် ဝန်ကြီးဌာနအနေနဲ့ အဆောက်အဦးတချို့ပျက်စီးခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ဆိုထားပါတယ်။ 

အခင်းဖြစ်ခဲ့တဲ့ ဒေသဟာ ရုရှားနိုင်ငံတောင်ပိုင်းရဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၄) ရက်နေ့ကစတင် ခဲ့တဲ့ အထူးစစ်ဆင်ရေး စတင်ပြီးတည်းက လောင်စာဆီနဲ့ ခဲယမ်းမီးကျောက်ဆိုင်တွေလို ပစ်မှတ်တွေ တိုက်ခိုက်ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် တုန်လှုပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.