မနီလာ – ဧပြီ(၂၃)
ဖိလစ်ပိုင်ကမ်းခြေအလွန်မှာ ဒုတိယကမ္ဘာစစ်ကာလက တော်ပီဒိုဒုံးနဲ့ ပစ်ချခံခဲ့ရတဲ့ ဂျပန် သယ်ယူပို့ဆောင်ရေး သင်္ဘောပျက်တစ်စင်းကို ရေနက်စူးစမ်းလေ့လာသူတွေက ရှာဖွေတွေ့ရှိခဲ့ ပြီး အဲဒီသင်္ဘောကုန်းဘက်ပေါ်မှာ ဩစတြေးလျနိုင်ငံသား (၁၀၀၀)ကျော်သေဆုံးထားတာကို လည်း လေ့လာလာသူတွေက တွေ့ရှိထားပါတယ်။
အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းမှ ပစ်ခတ်ခဲ့တဲ့ သင်္ဘောဟာ ၁၉၄၂ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့ မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းတွေကို သယ်ဆောင်နေခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည် မပြုနိုင်ပေမယ့် အဲဒီသင်္ဘောပျက်ကို ရေအနက် (၄) ကီလိုမီတာအကျော်မှာ တွေ့ရှိခဲ့တာ ဖြစ် တယ်လို့ ပင်လယ်ရေကြောင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Silent World Foundation ကဆိုခဲ့တာပါ။
Montevideo Maru အမည်ရ သင်္ဘောနစ်မြုပ်မှုဖြစ်စဉ်ဟာ ဩစတြေးလျရဲ့ အဆိုးရွားဆုံးရေ ကြောင်း ဘေးအန္တရာယ်ဖြစ်ကာ ဩစတြေးလျနိုင်ငံသား (၉၇၉) ဦးသေဆုံးခဲ့ပြီး အဲဒီထဲမျာ စစ်သည် (၈၅၀) ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သင်္ဘောပေါ်မှာ တခြား(၁၃) နိုင်ငံက အရပ်သားတွေလည်း ပါဝင်တယ်လို့ Silent World Foundation ကဆိုထားပြီး စစ်သုံ့ပန်း (၁၀၆၀) အထိသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“နောက်ဆုံးမှာတော့ Montevideo Maru ရဲ့ ပျောက်ဆုံးနေတဲ့ ဝိဉာဥ်တွေရဲ့ နားခိုရာကို ရှာဖွေတွေ့ ရှိခဲ့ပါပြီး။ သင်္ဘောကုန်းပတ်ပေါ်မှာရှိနေတဲ့ စစ်သုံ့ပန်းဟာ ၁၀၆၀ ဦးအထိပြီး ၈၅၀ ဦးသည် သြစတြေးလျစစ်မှုထမ်းများဖြစ်ကြပါတယ်။ ဒီနေ့သတင်းက နှစ်ရှည်လများ သတိတရ ချစ်ရတဲ့ သူတွေကို နှစ်သိမ့်မှု အတိုင်းအတာတစ်ခုအထိ သယ်ဆောင်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ဩစတြေးလျဝန်ကြီးချုပ် အယ်လ်တိုနီ အယ်ဘန်နီစ့် က ပြောခဲ့ပါတယ်။
Montevideo Maru သင်္ဘောကို ဖိလစ်ပိုင်ရဲ့ အဓိက ကျွန်းဖြစ်တဲ့ လူဇွန်ကျွန်းရဲ့ အနောက်မြောက် ဘက် တောင်တရုတ်ပင်လယ်မှာ ရှာဖွေရေးလုပ်ငန်းဆောင်ရွက်နေသူတွေက ဧပြီလ(၆) ရက်နေ့ မှာ သင်္ဘောပျက်ကို ရှောဖွေတွေ့ရှိခဲ့တာဖြစ်ပြီး (၁၂) ရက်ကြာ သင်္ဘောပျက်ကိုဆယ်ယူခဲ့ရကာ ဆိုနာပါရှိသော ထိန်းချုပ်ရေအောက်ယာဉ်အပါအဝင် နည်းပညာမြင့် စက်ကိရိယာတွေကို အသုံး ပြုခဲ့ရတယ်လို့ သိရပါတယ်။
ဒီရှာဖွေမှုကို ဩစတြေးလျစစ်တပ်ရဲ့ အကူအညီနဲ့ ဒတ်ချ်ပင်လယ်နက်စစ်တမ်းကုမ္ပဏီဖြစ်တဲ့ Fugro တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို Silentworld ရဲ့ ဒါရိုက်တာ မစ္စတာ ဂျွန်မူလန်က
“Montevideo Maru ကို ရှာဖွေရေးလုပ်ငန်းဟာ သြစတြေးလျစစ်တပ်နှင့် ပင်လယ်ရေကြောင်း သမိုင်း အတွင်းမှာ အဆိုးရွားဆုံး ပြကွက်တစ်ခုဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Ref: The Straits Times