မနီလာ၊ ဧပြီ(၂၃)
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံအကြားကွဲပြားမှုတွေဟာ နှစ်နိုင်ငံအကြား ဆက်ဆံ ရေးရဲ့ အဆုံးသတ်ရလဒ်မဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
“အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ ငါးဖမ်းသမားတွေရဲ့ ထိုက်တန်တဲ့စားခွင့်ကို လေးစားလိုက်နာခြင်းနဲ့ နှစ်နိုင်ငံအကြား ကွဲပြားခြားနားချက်တွေဟာ သူတို့တွေအတွက် စီမံခန့်ခွဲ့မှုနည်းလမ်းရှာရာမှာ အတားအ ဆီးမဖြစ်နိုင်ပါဘူး” လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်ဟာ တရုတ်ငါးဖမ်းလှေတွေတည်ရှိနေမှုကို သံတမန်ရေးအရ ဆန္ဒထုတ်ဖော်မှုတစ်ရပ် မကြာသေးမီက ပြုလုပ်ထားခဲ့ပါတယ်။ မဟာဗျူဟာကျရေလမ်းကြာင်းအတွင်း တရုတ်ရဲ့ ရန်လိုတဲ့ဆောင်ရွက်ချက်တွေအဖြစ် ဖိလစ်ပိုင်က ခေါ်ဝေါ်သုံးနှုန်းခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်အစိုးရအနေနဲ့ နှစ်နိုင်ငံအကြား ဘုံသဘောထားတစ်ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ ကွဲပြားချက်တွေကို သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်ဖို့ ဖိလစ်ပိုင်အစိုးရနဲ့ အတူ အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရက တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အတော်များများကို သူတို့အပိုင်အဖြစ်ကြွေး ကြော်ထားပြီး ရေလမ်းကြောင်းကနေ သင်္ဘောကုန်သွယ်ရေးဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၃ ထရီလီယမ် အထိရှာဖွေနိုင်သလို လောင်စာနဲ့ ဓါတ်ငွေ့တွင်းထွက်တွေတင်ပို့ခြင်းလည်း ပါဝင်နေတာပါ။
တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်အစိုးရက ဖိလစ်ပိုင်အပါအဝင် ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားတို့မှာလည်း အလားတူတောင်းဆိုချက်တွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Ref,CNA