ကရာချီ – ဧပြီ(၂၀)
ဘာသာရေးအရ ပုတ်ခတ်စော်ကားမှုစွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပါကစ္စတန် တရားရုံးက ကနဦးအမိန့်အဖြစ်ထောင်ဒဏ် (၂) ပတ်ချမှတ်လိုက်တယ်လို့ ရဲအရာရှိ တစ်ဦးက ပြောပါ တယ်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကိုမယ်လာမြို့က ရေကာတာစီမံကိန်းမှာ နေထိုင်သူတွေ နဲ့ အလုပ်သမား ရာပေါင်းများစွာဟာ အဓိကလမ်းမကြီးကို ပိတ်ဆို့ပြီး သူ့ကိုဖမ်းဆီးဖို့ တောင်း ဆိုခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံထားရတဲ့ တရုတ်အမျိုးသားတိုင်ယမ်ဟာ ပါကစ္စတန်မှာရှိတဲ့ အကြီးဆုံး ရေအား လျှပ်စစ်စီမံကိန်းဖြစ်တဲ့ ဒါဆူဒမ်မှာ အလုပ်လုပ်နေတဲ့ တရုတ်လူမျိုးအစုအဖွဲ့ကဖြစ်ပြီး ပရောဂျက် မှာ အလုပ်လုပ်နေတဲ့ ယာဉ်မောင်းနှစ်ဦးကို အလုပ်ချိန်အတွင်း ဆုတောင်းဖို့ အချိန် အလွန်အကျွံယူတယ်ဆိုပြီး စော်ကြားပြောဆိုခဲ့တဲ့အတွက် ပါကစ္စတန် အလုပ်သမားတွေက စွပ်စွဲ ခဲ့ကြတာဖြစ်ပါတယ်။
တိုင်ယမ် ကိုအဘူတာဘက်မြို့က တရားရုံးကိုခေါ်ဆောင်ခဲ့ပြီးနောက် သူ့မှာ အပြစ်မရှိကြောင့် ထွက်ဆိုခဲ့သလို အစ္စလာမ် ဒါမှမဟုတ် တမန်တော် မုဟမ္မဒ် ကိုစော်ကားတာ မရှိဘူးလို့လည်း ပြောခဲ့တယ်လို့ ဒေသခံရဲအရာရှိတစ်ဦးဖြစ်တဲ့ အရှဒ်ခန်းက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝူဘင်က အစ္စလာမာဘတ်က သံရုံးအခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“တရုတ်အစိုးရအနေနဲ့ နိုင်ငံရပ်ခြားက တရုတ်နိုင်ငံသားတွေကို သူတို့ရဲ့အိမ်ရှင်နိုင်ငံတွေရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး ဒေသတွင်း ဓလေ့ထုံးတမ်းတွေကို လေးစားလိုက်နာဖို့ အမြဲတမ်း တောင်းဆိုခဲ့ပါတယ်” လို့ ဝမ်က ပြောပါတယ်။
တိုင်ယမ်ကို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးဆီကနေ ကယ်တင် ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါသေးတယ်။
မွတ်ဆလင်တွေနဲ့ မွတ်ဆလင်မဟုတ်သူတွေကို ပုတ်ခတ်ပြောဆိုမှုနဲ့ ဖမ်းဆီးခံရတာဟာ ပါကစ္စတန်မှာ အဖြစ်များပေမယ့် ဖမ်းဆီးခံရသူတွေမှာတော့ နိုင်ငံခြားသားပါဝင်မှုဟာ ရှားရှားပါးပါး အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ကလည်း အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်က အားကစားပစ္စည်းစက်ရုံတစ်ခုမှာ သီရိလင်္ကာအမျိုးသားတစ်ဦးကို လူအုပ်က ဓားစာခံတိုက်ခိုက်ခဲ့ပြီး တမန်တော်မိုဟာမက် ရဲ့ အမည်ကို ရှုတ်ချတယ်လို့ စွပ်စွဲခဲ့တဲ့အတွက် သူ့ရဲ့ အလောင်းကို လူအများရှေ့မှာ မီးရှို့ခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ပါကစ္စတန်မှာတော့ အငြင်းပွားဖွယ်ရာ ပုတ်ခတ်စော်ကားမှု ဥပဒေအောက်မှာ ပြစ်မှုထင်ရှားပါက ဘယ်သူမဆို သေဒဏ်ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
Ref: CNA