April 7, 2023

ထိုင်ဝမ်ရဲ့ အမေရိကန်ကိုယ်စားလှယ်ကို တရုတ်က ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်

ထိုင်ဝမ်၊ ဧပြီ(၈) တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံအမတ်ကြီးနဲ့ မိသားစုဝင်တွေကို တရုတ်ပြည်မကြီး၊ ဟောင် ကောင်နဲ့ မကာအိုသို့ ဝင်ရောက်ခြင်းကနေ တားမြစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီ ၇ ရက်နေ့ မှာ ဖော်ပြ ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးမှ ထုတ်ပြန်တဲ့ ပိတ်ဆို့အရေးယူမှုမှာ သူ့ရဲ့ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီတွေကို ပြည်မကြီးအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့လည်း တားမြစ်ထားတာဖြစ် ပါတယ်။…

ထိုင်းရေကစားပွဲတော်ကနေ အခွန်ငွေ ဘတ်(၁၈) ဘီလျံရရှိနိုင်မယ်လို့ ခန့်မှန်းထား

ဘန်ကောက် – ဧပြီ(၈) ထိုင်းနိုင်ငံရဲ့ ဆုန်ကရန်(ရေကစားပွဲတော်)ကနေ ပြည်တွင်း ပြည်ပခရီးသွားတွေဆီက အခွန်ငွေ ဘတ်(၁၈) ဘီလျံအထိရရှိနိုင်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဒီနေ့ ဧပြီလ(၇) ရက်နေ့မှာထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က နိုင်ငံတဝှမ်းကျင်းပမယ့် ဆုန်ကရန် အခမ်းအနားတွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။ ထိုင်းနှစ်ကူးကာလအတွင်း ထိုင်းနိုင်ငံခရီးသွားတွေဆီက ခရီးစဉ်ပေါင်း (၃.၈) မီလျံအထိ လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားသလို နိုင်ငံခြားခရီးသွားတွေကိုလည်း ခရီးစဉ်(၃) သိန်း ကျော်အထိ…

ရင်းနှီးမြှုပ်နှံမှုအသစ်တွေရှာဖွေဖို့ တရုတ်တာဝန်ရှိသူတွေ နိုင်ငံခြားခရီးသွားလာမှု မြှင့်တင်ခဲ့

ပေကျင်း – ဧပြီ(၈) တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးအရာရှိတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အရှိန်မြှင့်ဖို့ ဒီဇင်ဘာလက စတင်ပြီး အာရှနဲ့ ဥရောပကို ရာနဲ့ချီတဲ့ ခရီးထွက်မှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ သိရပါတယ်။ ခရိုင်တာဝန်ရှိသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ တချို့သော သတင်းရင်းမြစ်တွေရဲ့အဆိုအရ နယ်စပ်ဖြတ်ကျော်မှုမှာ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ အတူ မြို့တော်နဲ့ ပြည်နယ်အဆင့် ရှိ ကြီးကြပ်ရေးမှုတွေ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုထားတာပါ။…

ပုလဲ PDF ကိုစစ်ကောင်စီ လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်လို့ ကာကွယ်ရေးတပ်ဘက်က (၄) ဦး ကျဆုံးခဲ့ရ

ပုလဲ – ဧပြီ(၇) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ M-7 ကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးခဲ့ရတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၅) ရက်နေ့ မနက်ပိုင်းက Mi-35 ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် Mi-17 (၄) စီးနဲ့ အင်အားတိုးတိုက်ခိုက်ခဲ့တာကြောင့် (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့…

PDF တွေ စာမေးပွဲဖြေတာကို စာခိုးချယ်တယ်လို့ တပ်ထောက်ခံသူတွေ လီဆယ်သတင်းအမှားဖြန့်(အမှန်/အမှား)

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ် ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “(NUG) ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာကို PDF တွေ ပေါ်တင်ကူးချ”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…

NLD ပါတီအမှတ်တံဆိပ်များ သုံးပါက အရေးယူမယ်လို့ စစ်တပ်ထောက်ခံသူတွေ သတင်းအမှားဖြန့် ခြိမ်းခြောက် အမှန်/အမှား

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “NLD ပါတီအမှတ်တံဆိပ်များကို အသုံးပြုပါက ဖမ်းဆီးမည်”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို မှိုင်းဝေတယ်လီဝရမ်အကောင့်ကနေ ဧပြီလ(၃)ရက်နေ့မှာ ဖြန့်ဝေတာကို…

KNU လိပ်သိုဒေသခံ ၁၆ ဦး ပေါ်တာအဖြစ် ဖမ်းဆီးခံရပြီး တစ်ဦးပစ်သတ်ခံရ

လိပ်သို၊ ဧပြီ(၇) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေ လိပ်သိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီတပ်က ဒေသခံ၁၆ ဦးကို ပေါ်တာအဖြစ် ဖမ်းဆီးသွားသလို ဒေသခံတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ကစပြီး တပ်မဟာ(၂)နယ်မြေဖြစ်တဲ့ လိပ်သိုမြို့နယ်ထဲက မြသာကုန်းကျေးရွာ အနောက်ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ…

စစ်အာဏာသိမ်း (၇၉၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၂၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၇) AAPP ရဲ့ ဧပြီ(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၅)ရက်အတွင်း ပြည်သူ (၃၂၂၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၄၂ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…