March 2023

“နမ်းနိန်းရွာ လူသတ်တရားခံနှင့် စစ်ကောင်စီမွှေးတဲ့ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခမီး”

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာမှာ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဘုန်းတော်ကြီး ၃ ဦး အပါအဝင် ဒေသခံ ၃၀ ဦး ခန့်အသတ်ခံရတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်ကိုင်းတိုင်းအတွင်း ၎င်းရဲ့ဩဇာခံ တပ်သားတွေ ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးမှု၊ စာနပ်ရိက္ခာတွေကို မီးရှို့မှုတွေကို…

ကရုဏာမီးအိမ် Mobile Medical Team တည်ထောင်သူ မဝေနဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်မဆိုလိုချင်တာ စကစကတော့ စစ်ရှောင်လည်းမသိဘူး။ စစ်ဘေးသင့်လည်း မသိဘူး။ သူတို့လုပ်ချင် တယ်ဆိုရင် အရှင်လတ်လတ်တောင် မီးရှို့သေးတာပဲရှင့်။ အခုပြည်သူတွေ ဘယ်လောက်ခံစားနေရလဲ ကျွန်မတို့ မြေပြင်မှာရှိနေတဲ့ အခြေအနေတစ်ခုမှာ ကျွန်မမပြောပြတတ်အောင်ပဲ” အရင်ဆုံးအနေနဲ့ ကရုဏာမီးအိမ် Mobile Medical Team ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။ စကစအာဏာသိမ်းပြီး နှစ်လအကြာမှာ ဖောင်ဒေးရှင်းကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းတည်းက အဖွဲ့ ကို စနစ်တကျပြင်ဆင်ခဲ့ပါတယ်။…

စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာ

နေပြည်တော်၊ မတ်(၂၆) စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာပြီလို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ပါတယ် ။ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ရှမ်းပြည်ကိုးကန့်ဒီမို ကရက်တစ်ပါတီ၊ နာဂအမျိုးသားပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ”ဝ”အမျိုးသားပါတီနဲ့…

ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

ပုလော၊ မတ်(၂၆) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ မတ်လ (၂၅)ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ မတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ပုလောကုန်းကျေးရွာကို ကား ၃ စီးနဲ့ အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်အင်အား…

နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် မြန်မာပို့ကုန်ကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်

နေပြည်တော်၊ မတ်(၂၆) ပို့ကုန်လိုင်စင် လျှောက်ထားစရာမလိုတဲ့ ကုန်စည်လိုင်းတွေကိုလည်း လိုင်စင်လျှောက်ဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားမှုဟာ ကုန်သွယ်ရေးကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်လိုက်တာဖြစ်ပြီး ကုန်သွယ်မှုပိုမို ကျဆင်းလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့ ကုန် စည်လိုင်းတွေလည်း Myanmar Tradenet 2.0 စနစ်မှာ လာမယ့် ဧပြီ ၁…

လျှပ်စစ်မီးခိုးသုံးသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီကော်ပိုရေးရှင်း YESC ပြော

ရန်ကုန်၊ မတ်(၂၆) တရားမဝင် လျှပ်စစ်မီးခိုးသုံးသူတွေကို လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်တရားစွဲဆို အရေးယူသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC က ပြည်သူအချို့ တရားမဝင်လျှပ်စစ်ဓာတ်အား ခိုးသုံးနေတဲ့အတွက် နိုင်ငံတော်လျှပ်စစ်ကဏ္ဍ ဝင်ငွေလျော့နည်းကျဆင်းလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ YESC ရဲ့…

သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံရ

သံဖြူဇရပ်၊ မတ်(၂၆) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံမှာ မတ် ၂၄ ရက်နေ့က ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရခိုင်ပြည်နယ်ကနေလာတဲ့ ရိုဟင်ဂျာလူမျိုးတွေ သံဖြူဇရပ်မြို့နယ်အတွင်းရောက်ရှိ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့အပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်ရှာဖွေစဉ် ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသား…

လောင်းလုံးမှာ စစ်တပ်မီးရှို့သွားတဲ့ ကျေးရွာတွေက ဒေသခံအများစု နေရပ်မပြန်ရဲသေး

လောင်းလုံး၊ မတ်(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနဲ့အောက်ကျောက်ဝပ်ကျေးရွာတို့ကို စစ် ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီကျေး ရွာ ၂ ရွာကို ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ် ၁၅၀…

Apple ကုမ္ပဏီနဲ့ ကာလရှည်ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆန်းသစ်တီထွင်မှုတွေအတွက် စီအီးအို Tim Cook က တရုတ်နိုင်ငံကို ချီးကျူးခဲ့

ရှန်ဟိုင်း၊ မတ်(၂၆) Apple ကုမ္ပဏီရဲ့စီအီးအို တင်ကွတ်ဟာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ နိုင်ငံရဲ့ လျင်မြန်တဲ့ ဆန်းသစ် တီထွင်မှု၊ အမေရိကန် iPhone ထုတ်လုပ်သူနဲ့ ကာလကြာရှည်ဆက်ဆံရေးကို ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ချီးကျူးပြောဆိုခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကိုဗစ်၁၉ထိန်းချုပ်မှုတွေကို အဆုံးသတ်ပြီးနောက် အစိုးရကစီစဉ်ကျင်းပနေတဲ့ ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်ကို တက်ရောက်ဖို့ စီအီးအိုတင်ကွတ်ဟာ…

ဖိလစ်ပိုင်နိုင်ငံက လူဦးရေ(၁၁) မီလျံကျော် ရေဘေးကြုံတွေ့နိုင်တယ်လို့ သမ္မတဆို

မနီလာ – မတ်(၂၆) ဖိလစ်ပိုင်နိုင်ငံအတွင်း ခြောက်သွေ့ရာသီနီးကပ်လာတဲ့အတွက် တချို့သော မိသားစုအိမ်ခြေ (၁၁) မီလျံကျော်ဟာ သန့်ရှင်းတဲ့ ရေလက်လှမ်းမီနိုင်မှုပြတ်လပ်နိုင်ပြီး ရေကပ်ဘေးကြုံတွေ့ လာရနိုင်တယ်လို့ သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာက မတ်လ(၂၃) ရက်နေ့မှာ ပြောခဲ့ပါတယ်။ မြို့တော်မနီလာမှာ ကျင်းပတဲ့ (၆) ကြိမ်မြောက် Water Philippines ညီလာခံနဲ့ ပြပွဲအတွင်း သမ္မတက နိုင်ငံအနေနဲ့ ဒီပြဿနာကိုဖြေရှင်နိုင်ဖို့ ခေတ်မီတဲ့…