March 2023

ပုလောမြို့နယ်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ပါ ထပ်မံပိတ်ပင်ခံရ

ပုလော၊ မတ်(၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က စားနပ်ရိက္ခာနဲ့ဆေးဝါးသယ်ယူခွင့်ပါ ထပ်မံပိတ်ပင်လာတယ်လို့ ဒေသခံတွေနဲ့ ပုလောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီက ပုလောမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ဆန်အပါအဝင်စားသောက်ကုန်နဲ့ဆေးဝါး သယ်ယူခွင့်မပေးတော့ဘဲ အစစ်အဆေးတင်းကျပ်ပြီး သိမ်းယူတာတွေ လုပ်ဆောင်နေတာပါ။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယအပတ်ကစပြီး ပုလောမြို့နယ်မှာ လောင်စာသယ်ယူခွင့် ပိတ်ပင်ပြီးနောက် အခုအခါမှာတော့…

သံတောင်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဝင်ပစ်လို့ ကလေးတစ်ဦးဒဏ်ရာရပြီး ဒေသခံတချို့ဖမ်းဆီးခံရ

သံတောင်၊ မတ်(၃) ကရင်ပြည်နယ် သံတောင်မြို့ (၁၃)မိုင် ဘိုတဲကုန်းကျေးရွာမှာ ဒီနေ့ မတ် (၂)ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာကနေ ကလေးတစ်ဦးဒဏ်ရာရရှိပြီး ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား အများအပြားပါတဲ့ စစ်ကောင်စီတပ်ဟာ သံတောင်မြို့ (၁၃)မိုင် ငွေတောင်ကြီးနဲ့ ကျွဲဖြူတောင် ကျေးရွာကနေတဆင့် ဘိုတဲကုန်းကျေးရွာထဲကို ဝင်ရောက်လာပြီးနောက်…

စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ခင်ဦးဒေသခံ တစ်သောင်းကျော်ထွက်ပြေးနေရ

ခင်ဦး – မတ်(၂) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေတဲ့ အတွက် ပြည်သူတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကသံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့မတ်လ(၂) ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယာတော် နဲ့ ကျွန်းတောကြီးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက် အကြောင်းမဲ့ ပြည်သူပိုင်နေအိမ်တွေ ကိုမီးရှို့ဖျက်ဆီးနေတာပါ။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေအပြင် မြင်းဒေါင်း၊မြင်းကျ၊မကျီးအုပ်၊ သရက်ပင်စု၊ အင်တိုင်းလေး(တောင်၊မြောက်)၊ဥယျာဉ်နဲ့…

FA ဖလား ကွာတားဖိုင်နယ်မှာ မန်စီးတီးနဲ့ဘန်လေ၊ မန်ယူနဲ့ဖူလ်ဟမ်တို့ တွေ့ဆုံ

မော်လမြိုင်၊ မတ် (၂) အင်္ဂလန်ပြည်တွင်းလိဂ်ဖလား တစ်ခုဖြစ်တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲအပြီးမှာတော့ မန်စီးတီးနဲ့ဘန်လေ၊ မန်ယူနဲ့ဖူလ်ဟမ်တို့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ FA ဖလားရဲ့ ပဉ္စမအဆင့်ကို ဒီနေ့ မနက်ပိုင်း ကစားခဲ့တာ ဖြစ်ပြီး မန်ယူအသင်းကတော့ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကွားတာဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ မန်စီးတီးကတော့…

ဖိလစ်ပိုင်မှာ ရေနံတင်သင်္ဘောတိမ်းမှောက်ပြီး ပင်လယ်အတွင်းလောင်စာ ယိုဖိတ်မှုဖြစ်ပွား

မနီလာ၊ မတ်(၃) ဖိလစ်ပိုင်နိုင်ငံနယ်နိမိတ်အနီး ပင်လယ်ပြင်မှာ ရေနံတင်သင်္ဘောနစ်မြုပ်ခဲ့ပြီး သယ်ဆောင်လာတဲ့ စက်မှုလုပ်ငန်းသုံးဆီ လီတာ ၈ဝဝ,၀၀၀ ခန့် ပင်လယ်ထဲသို့ ယိုစိမ့်သွားတယ်လို့ အာဏာပိုင်တွေက မတ် ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ Princess Empress အမည်ရှိတဲ့ အဲဒီ သင်္ဘောဟာ မြို့တော် မနီလာအနီးရှိ ဘတ်တန် ခရိုင်ဒေသန္တရမှ ထွက် ခွာကာ အလယ်ပိုင်းခရိုင်ဒေသန္တရသို့ ထွက်ခွာလာချိန်မှာ…

အိန္ဒိယခေါင်းဆောင်မိုဒီက G-20 အစည်းအဝေးမှာ စည်းလုံးညီညွတ်ကြဖို့ တောင်ဆို

နယူးဒေလီ – မတ်(၃) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ယူကရိန်းအပေါ် သဘောထားကွဲပြားမှုတွေကို ပေါင်းကူးပေးဖို့ G-20 အဖွဲ့ကို တောင်းဆိုလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု မအောင်မြင် ဘူးလို့ နယူးဒေလီမြို့မှာ ကျင်းပတဲ့ အစည်းအဝေးဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။ ဒီနှစ်အတွက် G-20 ဥက္ကဋ္ဌ ရာထူးရယူထားတဲ့ အိန္ဒိယဟာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ရာသီဥတု ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို…

အမေရိကန်နဲ့ ထိုင်းတို့ရဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကိုဗစ်မတိုင်ခင်ကအတိုင်း ပြန်စမယ်

ဘန်ကောက် – မတ်(၃) အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံ(၆) နိုင်ငံကြား လုံခြုံရေးမဟာမိတ်တွေကို ပြန်လည်အင်အား ဖြည့်တဲ့အနေနဲ့ ကမ္ဘာ့အကြီးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံစုံပါဝင်သော Cobra Gold စစ်ရေး လေ့ကျင့်မှုတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းတော်ဝင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမေရိကန် အင်ဒို ပစိဖိတ် စစ်ဌာနချုပ်တို့ ပူးတွဲ ကျင်းပတဲ့ နှစ်ပတ်တာ အစီအစဉ်တွေနဲ့ ကွင်းဆင်းလေ့ကျင့်ခန်းတွေမှာ စင်္ကာပူ၊ဂျပန်၊အင်ဒို၊…

ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားပြီးနောက် FOEIM ကျောင်းကိုပိတ်သိမ်း

မော်လမြိုင် – မတ်(၂) အာဏာသိမ်းခံရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြေပြင်နဲ့ အွန်လိုင်း စာသင်ကျောင်းတွေထဲက နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ Free Online Education Institution Myanmar (FOEIM) ကို မတ်လ(၁) ရက်နေ့ကစတင်ပိတ်သိမ်းလိုက်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။ FOEIM ကျောင်းမှ ကျောင်းသား/ကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အပြင်ကို ပေါက်ကြားလာတာပါ။…