March 2023

ရေးမြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ကယ်နဲ့ ရွှေဆွဲကြိုးလုယက်မှုဖြစ်ပွား

ရေး၊ မတ်(၄) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာ ကျိုက်မင်ဝကမ်းခြေမှာ ဒီကနေ့ မတ် ၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ကယ်နဲ့ ရွှေဆွဲကြိုးလုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်မင်ဝကမ်းခြေမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားနဲ့အမျိုးသမီးတို့ကို ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသား ၂ ဦးက…

အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလက်ဝှေ့ချန်ပီယံဟောင်းရွှေဓူဝံကွယ်လွန်

ရေတာရှည် – မတ်(၄) ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဒို့ညီနောင်အမြန်ယာဉ်လိုင်းကား တိမ်းမှောက်မှုကြောင့် အမျိုးသား (၃) ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မနက်(၆) နာရီခွဲကျော်က ရန်ကုန်-မန္တလေး အမြန်လမ်း (၁၆၇) မိုင်မှာ ဒို့ညီနောင် အမြန်ယာဉ်လိုင်းက YUTONG အမျိုးအစား ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပြီးနောက်…

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ KNU/KNLA နဲ့ PDF တို့ ပူးပေါင်းပြီး မီးအိမ်ရှင်ဆေးခန်း ဖွင့်လှစ်

ကြာအင်းဆိပ်ကြီး၊ မတ်(၄) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ KNU/KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ပူးပေါင်းပြီး မီးအိမ်ရှင်ဆေးခန်းတစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက မတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မီးအိမ်ရှင်ဆေးခန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ မဟာမိတ် KNU/KNLA တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆေးခန်းမှာ…

စစ်အာဏာသိမ်း (၇၆၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၈၅ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၄) AAPP ရဲ့ မတ်(၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၆၁)ရက်အတွင်း ပြည်သူ (၃၀၈၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၉၈၂ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

တက္ကသိုလ်ဝင်တန်းဖြေဆိုသူ တစ်သိန်းကျော်အထိ လျော့ကျသွား

မော်လမြိုင် ၊ မတ် (၄) စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ လျှောက်ထားမှုဟာ မနှစ်ကနဲ့ နှှိုင်းယှဉ်ရင် တစ်သိန်းကျော်အထိ လျော့ကျသွားတယ်လို့ စစ်ကောင်စီ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ စစ်ကောင်စီဟာ အခုနှစ်ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ် ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ…

KNU တပ်မဟာ(၄) နဲ့ KTLA တို့အကြား ပဋိပက္ခညှိနှိုင်းအဖြေရှာကြဖို့ နိုင်ငံရေးအင်အားစုတွေ တောင်းဆို

ထားဝယ်၊ မတ်(၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ထဲမှာ KNU တပ်မဟာ(၄)နဲ့KTLA တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့ တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံရေးအင်အားစုအဖွဲ့ ၁၀ ဖွဲ့က မတ် ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄) နဲ့ ကော်သူးလေတပ်မတော် KTLA တို့ဟာ နှစ်ဖက် စစ်ရေး၊ အုပ်ချုပ်ရေး…

(၁၄) နှစ်အရွယ် ကလေးငယ်အား အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု စွပ်စွဲချက်နဲ့ ထိုင်းရဲအရာရှိ ၁၁ ဦးကို ဖမ်းဆီး

ဘန်ကောက်၊ မတ်(၃) အမျိုးသား ၁၅ ဦးက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့အတွက် တရားမျှတမှုရရှိရေးဖို့ ကလေးသူငယ်စောင့်ရှောက်ရေး ဖောင်ဒေးရှင်းက လှုံ့ဆော်စည်းရုံးမှုတွေ လုပ်ဆောင် နေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ အဲဒီလူတွေထဲက အမျိုးသား (၁၁) ဦးဟာ ထိုင်းရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဆယ်ကျော် သက် မိန်းကလေးကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း လီယိုပြည်နယ်မှာ (၂)…

ထိုင်ဝမ်ရေလက်ကြား တင်မာမှုတွေ လျှော့ချဖို့ စင်္ကာပူက G-20 အစည်းအဝေးမှာတောင်းဆို

နယူးဒေလီ – မတ်(၄) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ် အရေးတင်းမာမှုတွေတိုးမလာစေဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ချ်နာ က တရုတ်နဲ့ အမေရိကန်ကို တောင်းဆိုလိုက် ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဘာလာခရစ်ချ်နာက အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ဖို့ နိုင်ငံအားလုံးအတူတကွ အလုပ်လုပ်ကိုင်ဖို့ လိုအပ်တယ်လို့…

မြန်မာအကျပ်အတည်းအာဆီယံပိုမိုဖိအားပေးရမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

ကွာလာလမ်ပူ – မတ်(၄) မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိလစ်ပိုင်နိုင်ငံခရီးစဉ်မှာ အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်ဖြေရှင်းရာမှာ ထိရောက်ကြောင်း သက်သေပြရမယ်လို့ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ဦးဆောင်နေတဲ့ အာဆီယံအနေနဲ့ ပိုမိုခိုင် မာအားကောင်းဖို့ လိုအပ်ပြီး မလေးရှားမှာ မြန်မာနိုင်ငံက ရွေ့ပြောင်းဒုက္ခသည် (၂၀၀၀၀၀) ကိုလည်း တာဝန် ယူထားတယ်လို့ ဖိလစ်ပိုင် သတင်းချန်နယ် ANC နဲ့…