March 2023

နျူစွမ်းအင်သုံးရေငုပ်သင်္ဘော အပေးအယူလုပ်တဲ့ AUKUS (အောကတ်စ်) ဟာ အန္တရာယ်လမ်း ကိုလိုက်နေတယ်လို့ တရုတ်သတိပေး

ပေကျင်း – မတ်(၁၆) နျူကလီးယားစမ်းအင်သုံး ရေငုပ်သင်္ဘောအပေးအယူကိစ္စထွက်ပေါ်လာပြီးနောက် ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မှားယွင်းမှုနဲ့ အန္တရာယ်လမ်း တစ်ခုနောက်ကို လိုက်ပါနေတယ် လို့ ဩစတြေးလျကို တရုတ်နိုင်ငံက သတိပေးခဲ့ပါတယ်။ အင်အားကြီးလာတဲ့ တရုတ်နဲ့ ရင်ဆိုင်မယ့် အာရှပစိဖိတ်တစ်လျှောက်ကို အနောက်ကမ္ဘာအင် အားကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်-ဗြိတိန်နည်းပညာအတိုင်း ပုံစံအသစ် တည် ဆောက်ထားတဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော(၅) စင်းဝယ်ယူဖို့…

စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ်ကျူးလွန်ခဲ့ပြီး လူ(၇၆၆) ဦးသေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – မတ်(၁၅) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ဖော်ဝါရီလ(၁) ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ(၁၃) ရက်နေ့အထိ စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ် အထိ ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် ပြည်သူ (၇၆၆) ဦးသေဆုံးခဲ့ရတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအဖြစ် ၂၀၂၁ ခုနှစ်က…

တနင်္သာရီမှာ စစ်တပ်ထောင်ထားတဲ့မိုင်း တပ်မိသားစုဝင်တစ်ဦးပြန်နင်းမိ

တနင်္သာရီ – မတ်(၁၅) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ ခ.မ.ရ- ၅၆၁ တပ်နားမှာ စစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းကို တပ်မိသားစုဝင်တစ်ဦး ပြန်နင်းမိပြီး ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ခ.မ.ရ-၅၆၁ တပ်အနီးက စစ်တပ်ပိုင် သီဟိုဠ်ခြံထဲမှာ…

မြန်မာ-အိန္ဒိယ နယ်စပ်က နွေဦးစာသင်ကျောင်းမှာ ၂၀၂၂-၂၃ ပညာသင်နှစ် အတန်းကူးပြောင်း စာရင်းထုတ်ပြန်

ကလေး – မတ်(၁၅) မြန်မာနိုင်ငံနဲ့ အိန္ဒိယ နယ်စပ်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ နွေဦးစာသင်ကျောင်းမှာ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် KG တန်းကနေ Grade-9 အထိ အတန်းကူးပြောင်းစာရင်း(အောင်စာရင်း) တွေထုတ်ပြန်ထားပါတယ်။ အတန်းကူးပြောင်းစာရင်းတွေကို ဒီနေ့ မတ်လ(၁၅) ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီ စာသင်ကျောင်းကို ဗမာပြည်ဒုက္ခသည်များ ကော်မတီ(ကဘော်ချိုင့်ဝှမ်း)Burma Refugee Committee-Kabaw Valley တို့ ပူးပေါင်းဖြစ်လှစ်ထားတာဖြစ်ပါတယ်။…

တော်လှန်ရေး သစ္စာပျက်ယွင်းလာသူတွေကို အရေးယူဆောင်ရွက်မယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – မတ်(၁၅) စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိလာရင် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်မှာဖြစ်တယ် လို့အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၀) ကြိမ် မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ ပြည်သူတွေကို ကောင်းမွန်စွာ…

မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်

မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကို သက်တမ်း ၃ နှစ်ရှိတဲ့ ကာလတိုချေးငွေ ထုတ်ချေးပေးသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ ချေးငွေ ရယူလိုတဲ့ မသန်စွမ်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မတ် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနရုံး နေပြည်တော်မှာ လျှောက်ထားကြဖို့ ထုတ်ပြန်ထားပါတယ်။ ချေးငွေထုတ်ရာမှာ တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေ၊ စစ်တပ် အာဏာသိမ်းကာလအတွင်း မသန်စွမ်းသူတွေ…

အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းဖို့တောင်းဆို

ရန်ကုန်၊ မတ်(၁၅) မြန်မာနိုင်ငံရဲ့ မြစ်ချောင်းတွေပေါ်မှာ တည်ဆောက်မယ့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းအားလုံး ရပ်ဆိုင်းဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ Karen Rivers Watchက တောင်းဆိုလိုက်ပါတယ်။ မတ်(၁၄)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နဲ့ ရေကာတာဆန့်ကျင်ရေးနေ့အ တွက် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ Karen Rivers Watch က သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။ မြန်မာနိုင်ငံရှိ မြစ်ချောင်းတွေပေါ်မှာ တည်ဆောက်မယ့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေဟာ မြစ်ဝှမ်း…

ကယားစစ်ရှောင်စခန်းတွေကို စစ်ကောင်စီတပ်ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ဆို

လွိုင်ကော်၊ မတ်(၁၅) ကယားပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဒီလအစောပိုင်းကစပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်ဆောင်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ(၁၂) ရက်နေ့ မနက်ပိုင်းမှာ ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားပါတယ်။ အဲဒီစစ်ရှောင်စခန်းဟာ အိမ်ခြေ(၄၀) နီးပါးရှိပြီး အမျိုးသမီးနဲ့…