ဘန်ကောက် – မတ်(၁၈) 

ဘန်ကောက်မြို့က နေအိမ်တစ်ခုမှာ စိတ်ကစင့်ကလျားဖြစ်နေတဲ့ ရဲအရာရှိ ရမ်းသမ်းပစ်ခတ်မှု ကို အထူးကွန်မန်ဒိုတွေအပါအဝင် လူသူလက်နက်အင်အားနဲ့ (၂၇) နာရီကြာတားဆီးခဲ့ရပြီး နောက် ထိုင်းနိုင်ငံတဝှမ်းက ရဲအရာရှိတွေဟာ စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူရတော့မှာပါ။

ရဲအရာရှိတွေရဲ့ လူထုလုံခြုံရေးကို သေချာစေဖို့အတွက် စိတ်ကျန်းမာရေးစစ်ဆေးမှုကို ကျပန်း စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းတာဝန်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ ရဲအရာရှိတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်ဘူးလို့ ထင်မြင်ရင်လည်း အကြံပြု ချက်တွေ ပေးပို့နိုင်တယ်လို့ ဆိုထားပါတယ်။ 

ရဲအရာရှိတွေရဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို ဘန်ကောက်ဆိုင်မိုင်ခရိုင်ခွဲဖြစ်စဉ်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး ဒီဖြစ်စဉ်ကို တစ်ရက်နဲ့(၃) နာရီကြာ အာဏာပိုင်တွေက ပိတ်ဆို့တားဆီး ခဲ့ရကာ ပြစ်မှုကျူးလွန်တဲ့ အသက်(၅၁) နှစ်အရွယ် ထောက်လှမ်းရေးရဲအရာရှိကို ပစ်ခတ်ဖမ်း ဆီးပြီးနောက် ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအရာရှိရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အိမ်ခြေ(၂၀) ကျော်ထိခိုက်ခဲ့ရပြီး ကွန်မန်ဒိုရဲတပ်ဖွဲ့နဲ့ အလုပ်အဖွဲ့အရာရှိတွေ ဝင်ရောက်ကိုင်တွယ်ရတဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် ပြစ်မှုကျူးလွန်ခဲ့တဲ့ ထောက်လှမ်းရေးအရာရှိဟာ ချင်းမိုင်ဆေးရုံတစ်ရုံမှာ စိတ်ကျန်း မာရေး ကုသမှုခံယူနေရသူဖြစ်ပြီး အိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်တယ်လို့ သူက ပြောပါ သေးတယ်။

စိတ်ကျန်းမာရေး ထိခိုက်နေတဲ့ ထောက်လှမ်းရေးအရာရှိကို ပစ်ခတ်ဖမ်းဆီးချိန်မှာ သူတစ်ဦး တည်းကိုသာ ထိခိုက်မိခဲ့တာရှိပြီး တခြားထိခိုက်သူမရှိဘူးလို့ ဆိုကာ သူဟာ သေနတ်အချက် ပေါင်း (၅၀) ကျော်ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။ 

Ref: Bangkok Post 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.