မင်္ဂလာပါရှင့်။

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်တယ်ဆိုတဲ့ စည်းတံဆိပ်အတုနဲ့ ထုတ်ပြန်ချက်အတု တစ်စောင်” အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီအကြောင်းအရာကို ဘိုးစင်္ကြာ တယ်လီဝရမ်အကောင့်ကနေ မတ်လ( ၆)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “နောက်တခေါက်ဆို ဒေါ်စုကို NLD က ထုတ်မလားမသိဘူး ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ NlD နာယက ဦးတင်ဦး အပါအဝင် ၆ ဦး ကို ထုတ်ပယ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်တယ်ဆိုတဲ့ စည်းတံဆိပ်အတုနဲ့ ထုတ်ပြန်ချက်အတုတစ်စောင်ကို စစ်ကောင်စီ လော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ဖြစ်စဉ်အမှန်ကတော့ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်ခြင်း စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ အရ (က) ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ဦးတိုးလွင် (ဗဟိုကော်မတီဝင်)၊ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)တို့ကို ထုတ်ပယ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၃ ခုနှစ်၊ မတ်လ( ၃ ) ရက်က ထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။နောက်ထပ် ထုတ်ပြန်ချက်အသစ် ထုတ်ပြန်ထားခြင်း မရှိတာကို စိစစ်တွေ့ရှိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖေ့ဘုတ်စာမျက်နှာလင့်

https://bit.ly/3kQuV5g

Myanmar nowသတင်းဌာနကဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3F1KqhI

RFAသတင်းဌာနကဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3F2RBWY

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ဗဟို အလုပ် ကော်မတီက ထုတ်ပြန်တယ် ဆိုတဲ့ စည်းတံဆိပ်အတုနဲ့ ထုတ်ပြန်ချက် အတု တစ်စောင်” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.