ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်နဲ့ဆက်သွယ်မေးမြန်းချက်။
ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရေးအရှိန်မြင့်တင်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးဖို့ အပါအဝင် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် အချက် ၉ ချက်ကို ကရင် နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)က မတ် ၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဒါကြောင့် ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြင့်တင်လာတဲ့ အခြေအနေ၊ အရပ်သား တွေကို ဗုံးခိုကျင်းတူးဖို့ တိုက်တွန်းနှိုးဆော်ရတဲ့ အကြောင်းအရင်းအပါအဝင် လတ်တလော ကယားပြည်နယ် ထဲက စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်နဲ့ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး ကယားပြည်နယ်ထဲမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေအပါအဝင် ဗုံးခိုကျင်းတွေတူးဖို့ နှိုးဆော်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ကျွန်တော်တို့ ၂၀၀၃ကစပြီးတော့ အခုချိန်အထိ တိုက်ပွဲတွေက ပိုပြီးဖြစ်လာတာရှိတယ်။ နယ်စပ်တဝိုက် ဖြစ် တယ်။ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမဖြစ်ရင်လည်း စစ်ကောင်စီက ကျွန်တော်တို့ နေ့စဉ်အရပ်သားတွေ ရှိတဲ့နေ ရာတွေကို မှန်းပြီးတော့မှ အမြှောက်ကြီးတွေနဲ့ နေ့စဉ်ထုနေတယ်။ တကယ်လို့ ထိတွေ့မှုဖြစ်ရင်လည်း လေ ယာဉ်ပစ်ကူတွေနဲ့ ဂျက်လေယာဉ်တွေနဲ့လာပြီးတော့ အချိန်မရွေး အမြှောက်ကြီးတွေနဲ့ ပစ်တာ။ လေယာဉ်ပစ်တာ လေယာဉ်နဲ့ဗုံးကြဲတာတွေ အချိန်မရွေးကျရောက်နိုင်တာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် လူထုကို မိမိကိုယ်ကိုမိမိ ကြိုတင်ပြင်ဆင်ဖို့ နောက်ထပ်တိုက်တွန်းတာ နှိုးဆော်တာတွေ ဖြစ်တယ်။ စစ်ကောင်စီက တပ်ရင်းတွေလည်း အများကြီးပဲပေါ့နော်။ စစ်ပွဲလုပ်ဖို့အတွက် တိုးချဲ့လာတာတွေ ကျွန်တော်တို့ တွေ့ရတယ် လေ။ကျွန်တော်တို့က လူထုကို ကတိပေးတဲ့အနေနဲ့ ထုတ်ပြန်တာပဲ ဖြစ်တယ်။
-အခုလို စစ်ရေးပိုမိုတင်းမာလာတဲ့ အခြေအနေမှာ အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဘာတွေများ တိုက်တွန်းချင်တာ ရှိမလဲ။
ကျွန်တော်တို့ ဒီစစ်ရှောင်တွေကတော့ လောလောဆယ်မှာတော့ သူတို့တွေက သိပ်များတယ်ခင်ဗျ။ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဆိုတော့ ဒီအချိန်မှာ ကျွန်တော်တို့က အခက်အခဲ ပေါင်းစုံကြားကနေမှ ကျွန်တော်တို့လူထုတွေရဲ့ လိုအပ်ချက်တွေကို ဝိုင်းပြီးတော့ ဖြည့်ဆည်းပေးနေတာ ဖြစ်တယ်။ KSCC ကလည်း ဖြည့်ဆည်းပေးနေတာ ဖြစ်သလို တခြား CSO တွေကလည်း အများကြီးပံ့ပိုးပေးနေတာ ဖြစ်တယ်။ လူထုအနေနဲ့ ဒီအပေါ်မှာ သည်းခံဖို့လိုတယ်။ အခါအားလျော်စွာပေါ့နော်၊ ခုနလိုမျိုး လူထုတွေရဲ့ လုံခြုံရေးအတွက် အသိပေးတဲ့ အချက်အလက်တွေကိုလည်း လိုက်နာဖို့ လိုအပ်တာပေါ့။
အဲဒါလေးတွေ။ နောက်ပြီးတော့ ကျွန်တော်တို့က မသွားရ၊ မလာရ နယ်မြေဒေသတွေကိုလည်း စည်းမျဉ်းစည်း ကမ်းတွေကိုလည်း အတင်းအကြပ် ကိုယ့်သဘောနဲ့ ကိုယ်မသွားပဲနဲ့ လိုက်နာဆောင်ရွက်ဖို့လည်း လိုပါတယ်။ ဒီနေ့ဒီအချိန်ကာလက ကျွန်တော်တို့က လူ့အသက်က အချိန်မရွေးဆုံးရှုံးသွားနိုင်တဲ့ အနေအထား အဲဒီအပေါ် မှာလည်း လူထုက စည်းမျဉ်းစည်းကမ်းအတိုင်း နေကြထိုင်ကြဖို့လည်း လိုပါတယ်။ မြို့ပေါ်လူထုတွေအနေနဲ့ လည်း ဒါကတော့ သူတို့အနေနဲ့ကတော့ စစ်ကောင်စီကို အားပေးတဲ့ ဒေါက်တိုင်တွေအဖြစ်နဲ့ ရပ်တည်နေတဲ့သူ တွေရှိသလို ကျွန်တော်တို့ရဲ့ တော်လှန်ရေးဘက်တော်သားတွေကို နားလည်တယ်။ စာနာတယ်။ အကူအညီ ပေးနေတဲ့ ဒါကတော့နှစ်ဖွဲ့ ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီနေ့ဒီအချိန်ကာလဟာ စစ်ရှောင်ပဲဖြစ်ဖြစ်၊ မြို့ပေါ် မှာ နေတဲ့လူပဲဖြစ်ဖြစ် စစ်အာဏာရှင်ရဲ့ လက်အောက်မှာ မတရားဖိနှိပ်မှုအောက်မှာ သတ်ဖြတ်မတရားထောင် ချတဲ့ နှစ်ပေါင်း(၇၀)ကျော်ခံခဲ့ရပြီး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် စစ်ကောင်စီရဲ့ တရားမဝင်တဲ့ လုပ်ငန်းမှန် သမျှကို ဆန့်ကျင်သွားဖို့ လိုအပ်မယ်လို့ ကျွန်တော်တို့က အဲဒီလိုပဲ လူထုကို တိုက်တွန်းချင်တယ်။ ဒီနေ့ အချိန် ကာလမှာ ကျွန်တော်တို့က စစ်ကောင်စီကို အမြစ်ပြတ်အောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့လိုချင်တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ကျွန်တော်တို့လိုချင်တဲ့ တိုင်းရင်းသားတွေရဲ့တန်းတူရေး၊ ကျွန်တော်တို့လိုချင်တဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာ ရမှာ မဟုတ်ဘဲနဲ့ ဒါရာစုနှစ် တစ်နှစ်နီးပါး ကျွန်တော်တို့ ဆက်ပြီးတော့မှ ခံစားရဖွယ် ရှိတယ်။ ကျွန်တော်တို့ အရိပ်ကို ရဖို့အတွက် နေပူကို ဖြတ်သန်းရတဲ့အချိန်မှာ အားလုံးကတော့ စုစည်းကြဖို့ ညီညွတ်ကြဖို့တော့ ကျွန်တော်အနေနဲ့ အဲဒါလေးကို တိုက်တွန်းလိုတာပေါ့။
-ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားတွေကို ဘယ်လိုကူညီ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတာတွေ ရှိလဲ။ လက်ရှိမှာရော သူတို့တွေအနေနဲ့ ဘယ်လို အခက်အခဲတွေကို ဆက်လက် ရင်ဆိုင်နေရလဲ။
အော်။ ဒါကတော့ ကျွန်တော်တို့က ဒီနေ့အချိန်မှာ လူထုရဲ့ လိုအပ်ချက်က သူတို့ရဲ့လုံခြုံရေး ၊သူတို့ရဲ့ စားဝတ် နေရေး၊ သူတို့ရဲ့ပညာရေး ၊ ကျန်းမာရေး ဒါတွေက အဓိကလိုအပ်နေတာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန် တော်တို့ကတော့ သူတို့ရဲ့ လုံခြုံရေးအတွက်ပေါ့နော်။ သူတို့ဆီကို ရန်သူကနေ မလာနိုင်အောင် ကျွန်တော်တို့ က ကာကွယ်ပေးရတာတွေ၊ လုံခြုံရေးတာဝန်ယူပေးနေရတာတွေ ဒါကတော့ ရှိတာပေါ့။ ဒါမရှိရင် သူတို့ စစ် ရှောင်စခန်းတွေ အချိန်မရွေး ရန်သူရောက်သွားလို့ရှိရင် ရန်သူက သိတဲ့အတိုင်းပဲ မင်းမဲ့စရိုက်လို ကျင့်သုံးတာ။ အကြမ်းဖက်စစ်တပ်က ဒီလိုပဲ ရှိတာကိုး။
အဲဒီအတွက် ကျွန်တော်တို့က လုပ်ပေးနေရတာတွေ ရှိတာပဲ ။ ဒီကြားထဲ လူထုရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိမှုတွေလည်း ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်။ ကျန်းမာရေး၊ပညာရေးတွေ လည်း ကျန်းမာရေးဆိုတာလည်း အားလုံးသိကြတဲ့အတိုင်းပဲ။ ဒီနေ့ဒီအချိန်ကာလမှာ နေရထိုင်ရတဲ့ အနေအ ထားက ကျွန်တော်တို့ မြေကြီးပေါ်မှာပဲ ဖြစ်သလို တဲထိုးပြီး နေကြရတာ။ အမိုးအကာမရှိဘဲ နေရတဲ့ဘဝ။ ဆေးဝါးမလုံလောက်ပဲ နေရတဲ့ဘဝ။ရာသီဉတုအပြောင်းအလဲဒဏ်ကိုလည်း ခံရတဲ့ဘဝမှာ ကျွန်တော်တို့က စောင့်ရှောက်မှုတွေ အများကြီး လိုအပ်နေတာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီအပေါ်မှာ ပြည့်စုံချင်မှ ပြီးပြည့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေကတော့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ရိုင်းပင်းကူညီကြဖို့ လိုမယ်။ ခုနပြောသလို စည်းလုံးဖို့တော့ လိုတာပေါ့။
-စစ်ကောင်စီက ဘာကြောင့် ကယားပြည်နယ်ထဲမှာ စစ်ရေးအရှိန်မြှင့်တင်လာတယ်လို့ ထင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
ဟာဒါကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ။ ဖေဖော်ဝါရီလတစ်ရက်နေ့ နောက်ပိုင်းမှာ ကျွန်တော်တို့ မြို့နယ် (၂၇)မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် အရေးပေါ်ဥပဒေကိုလည်း နောက်ထပ် သက်တမ်းတိုးလိုက် တယ်။ ဒါကတော့ ကျွန်တော်တို့ ပြည်နယ်က အဲဒီအထဲမှာ ပါနေတယ်။ ကန့်သတ်လိုက်တဲ့ နယ်မြေထဲမှာ ကျွန်တော်တို့ပြည်နယ်က မြို့တွေ၊ နယ်တွေလည်း ပါလာတယ်။ ပါလာတဲ့အတွက်ကြောင့် ဒီနယ်မြေတွေကို ပိုပြီးတော့မှ စစ်ဆင်ရေးလုပ်ဖို့ သူတို့အနေနဲ့ ပြင်ဆင်လိုက်တဲ့ သဘောပဲ။ အဲဒီလို အရေးပေါ်အမိန့်တွေကို ထုတ်ပြန်လိုက်တယ်ဆိုတည်းက အဲဒီအချိန်ကာလမှာ ကျွန်တော်တို့ လူ့အခွင့်အရေးတွေက ကန့်သတ်ခံရသွား တယ်။ ဒီအတွက် ကျွန်တော်တို့မှာ အကုန်လုံးက သူတို့လက်ထဲမှာ အခုဒီနေ့ပြောနေသလိုပေါ့။
လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေကို ကျုးလွန်နေတယ်ဆိုတာတွေက ဒါအရေးပေါ်ကာလမို့ဖြစ်သွား တယ်ဆိုတဲ့ အကြောင်းပြချက်မျိုး ကာဗာလုပ်ချင်တာ အများကြီးရှိတာပေါ့။ ဒီအတွက်လည်း ဖြစ်တယ်။ ခုနပြောသလိုပေါ့။ ဒီလိုစစ်ဆင်ရေးတွေကို ပိုမိုပြီးတော့မှ လုပ်ချင်တဲ့အနေအထားတွေကို သူတို့လုပ်လိုက်တယ် လို့ ကျွန်တော်တို့က နားလည်ထားတယ်။
-နောက်ဆုံးအနေနဲ့ ကယားပြည်နယ်ထဲမှာ စစ်အုပ်စု ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ဘာတွေများ တိုက်တွန်းတောင်းဆိုချင်တာ ရှိမလဲ။
ကျွန်တော်တို့ကတော့ နိုင်ငံတကာကိုလည်း တောက်လျှောက် ထုတ်ဖော်ပြောဆိုနေတာတွေ လက်ခံတာတွေ ကတော့ ခဏခဏပါပဲ။ ဥပမာအားဖြင့်ဆို ၂၀၂၁ခုနှစ် ဒီဇင်ဘာမတိုင်ခင်တစ်ရက်မှာ ကျွန်တော်တို့ အပြစ်မဲ့ ပြည်သူ (၄၀)ကျော်ကို မီးရှို့သတ်ဖြတ်ပြီး ပတ်သက်ပြီးတော့ ကျွန်တော်တို့က သက်သေသာဓကအထောက် အထားနဲ့ ရယူပြီးမှ အားလုံးကနေ အရေးယူဆောင်ရွက်ပေးသွားနိုင်အောင် ကျွန်တော်တို့က တိုက်တွန်းခဲ့တာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း ဒီနေ့အချိန်အထိပေါ့။ ဒါတွေကိုအကောင်အထည်ဖော်နိုင်တာတွေ မရှိဘူး။
နောက်ပြီးတော့မှ ဒီနေ့ကရင်နီအပါအဝင် နိုင်ငံတစ်နိုင်ငံလုံးမှာ သူလုပ်ချင်တိုင်း ထင် တိုင်းကြဲနေပြီး ချိုး ဖောက်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သူတိုကမပျက်ဘူးပြောနေပေမယ့် သူတို့ ကိုယ်တိုင် ဖျက်နေ ဖျက်ရုံတင်မကဘူး။ အဲဒီဥပဒေကိုတောင်မှ သူတို့ချိုးဖောက်ပြီးမှ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း နိုင်ငံတကာက သူတို့ကို အသိအမှတ်မပြုဖို့ လိုတယ်။ နောက်ပြီးတော့ သူတို့ပိတ်ဆို့မှုတွေ များများချပေးဖို့ လိုပါလိမ့်မယ်။
အာဆီယံနိုင်ငံတစ်ချို့နဲ့ ကျွန်တော်တို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ချို့က လူသားမဆန်စွာပေါ့ ခုနက ဒီလိုလုပ်နေတာတွေကို ကျွန်တော်တို့ လျစ်လျုရှုနေတာမျိုးက မဖြစ်သင့်ဘူးပေါ့။ ဒါကိုလည်း ကျွန်တော်တို့ ဘယ်လိုပြောမလဲ။ လူသားတွေရဲ့ အသက်ရှင်သန်ခွင့်ကိုအလေးထားပြီးတော့ အမြန်ဆုံးအရေးယူဆောင်ရွက်အောင် လုပ်တဲ့နည်းလမ်းကို ဝိုင်းဝန်းပြီး အဖြေရှာကြဖို့ တောင်းဆိုချင်တာပေါ့ နိုင်ငံတကာကို။