ကျိုက်ထို၊ ဖေဖော်ဝါရီ(၂၈)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ထံကနေ သိရပါတယ်။

တပ်အင်အား ၈၀ နီးပါးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျိုက်ထိုဘက်ကနေ ဌက်ပျောတောကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ ရော်ဘာခြံတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် အဲဒီတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ဌက်ပျောတောကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းမထိုးတာ ၅ လနီးပါးလောက် ရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်ကျော့ပြန်စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.