ဇူရစ် – ဖေဖော်ဝါရီ(၁၇) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပုံနဲ့ပတ်သက်ပြီး ရှာဖွေမှုကို စွန့်လွှတ်ခဲ့ တယ်လို့ အစီရင်ခံစာတစ်ခုအပြီးမှာ ပြောခဲ့ပြီးနောက် အဖြေမရမချင်း ဆက်လက်တွန်းအားပေး သွားမှာဖြစ်တယ်လို့ WHO အကြီးအကဲက ပြောခဲ့ပါတယ်။ 

SARS CoV-2 ဗိုင်းရပ်စ် ဘယ်ကလာသလဲ၊ လူသားတွေကြား ဘယ်လိုပျံ့နှံ့လာသလဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းဖို့ဟာ အနာဂတ်ကပ်ရောဂါတွေကို ရှောင်ရှားဖို့ အရေးကြီး တယ်လို့ ဆိုခဲ့တာပါ။ 

Nature ဝဘ်ဆိုဒ်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ WHO ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ ချိန်က တရုတ်ဆီကနေ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ 

“အဖြေမပေါ်မချင်း ကျွန်ုပ်တို့ ဆက်လက်တွန်းအားပေးဖို့ လိုအပ်ပါတယ်” လို့ အေဂျင်စီအကြီး အကဲက ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို ရှာဖွေမှုကို ရည်ညွှန်းပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဒီကပ်ရောဂါဟာ ဘယ်လိုစတင်ခဲ့တာလဲ ဆိုတာသိဖို့ အရမ်းအရေးကြီးတယ်လို့ သူက ပြောပါသေးတယ်။ 

တရုတ်နိုင်ငံ ထိပ်တန်းအရာရှိတစ်ဦးဆီကိ မကြာခင်က စာတစ်စောင်ပေးပို့ခဲ့ပြီး ဘယ်လို စတင် ဖြစ်ပွားခဲ့တယ်ဆိုတာ သိရဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုနဲ့ သတင်းအချက်အလက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့ လိုအပ်တယ်လို့ WHO က ဆိုထားပါတယ်။ 

လက်ရှိအချိန်ထိ အခြေအတင်ဖြစ်ခဲ့ကြတဲ့ အဓိက သီအိုရီနှစ်ခုမှာတော့ လင်းနို့တွေဟာ ကြားခံ တိရိစ္ဆာန်ဆီကို သဘာဝအတိုင်း ပျံ့နှံ့သွားပြီး လူတွေဆီ ပျံ့နှံ့သွားတာ နဲ့ ဓာတ်ခွဲခန်းမတော်တ ဆမှုကြောင့် ပျံ့နှံ့သွားတာဖြစ်တယ်လို့ ဆိုနေကြပါတယ်။ 

WHO လုပ်ဆောင်မယ့် လုပ်ငန်းတွေကို အဆင့်လိုက်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သူမက ဆိုခဲ့ပေမယ့် အဲဒီအစီအစဉ်ဟာ ပြောင်းလဲသွားပြီဖြစ်သလို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံရေးဟာ မူလ ဇစ်မြစ်ကို နားလည်ဖို့အတွက် တိုးတက်မှုကို အမှန်တကယ် အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။ 

အေဂျင်စီရဲ့ ကိုဗစ်တုံ့ပြန်မှုကို ဦးဆောင်တဲ့ WHO ကျွမ်းကျင်သူ ဗန်ခါကိုခ့်က WHO ရဲ့ ဇစ်မြစ် ရှာဖွေမှုကို ခေတ္တဆိုင်းငံ့ထားတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း ဒေါသတကြီးတုံ့ပြန်ထားပါ တယ်။ 

“WHO က COVID-19 ရဲ့ ဇစ်မြစ်ကို လေ့လာတာကို မစွန့်လွှတ်ဘူး၊ ငါတို့မှာ မရှိသလို ငါတို့လည်း လုပ်မှာ မဟုတ်ဘူး၊ အစီအစဉ်တွေကို တိတ်တိတ်ဆိတ်ဆိတ် ဆိုင်းငံ့ထားတာမျိုး မရှိခဲ့သလို ကျွန်ုပ်တို့လည်း ပွင့်လင်းမြင်သာမှု ရှိအောင် ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။ 

သိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့(SAGO) က “ကိုဗစ်-၁၉ ၏ဇစ်မြစ်ကို အမှီအခိုကင်းသော အကဲ ဖြတ်မှုပြုလုပ်ရန် သို့သော် အနာဂတ်မည်သည့်ကပ်ရောဂါနှင့်ကပ်ရောဂါ၏ဇစ်မြစ်ကိုနားလည်ဖို့ မူဘောင်တစ်ခုချမှတ်ရန် ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်အောင် ဖန်တီးထားပါတယ်” လို့  ဗန်ခါကို့ခ် ကဆိုပါသေးတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.