February 17, 2023

ပြည်ပထွက်ခွာမယ့်လူငယ်တွေပါတဲ့ ခရီးသည်တင်ကားကို စစ်ကောင်စီဖမ်းဆီးထားတာ ပြန်မလွှတ်သေး

ဂန့်ဂေါ – ဖေဖော်ဝါရီ(၁၇) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြည်ပထွက်ခွာမယ့် လူငယ်တွေ ပါဝင်တဲ့ ခရီးသည်တင်ကား ကို စစ်ကောင်စီဖမ်းဆီးထားတာ (၁၀)ရက်နီးပါး ကြာနေပြီဖြစ်ပေမယ့် ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ ဂန့်ဂေါမြို့နယ် မောက်ရွာနဲ့ ဖားကန့်ကို တိုက်ရိုက်ပြေးဆွဲနေ တဲ့ ခရီးသည်တင် အံစာတုံးကားဟာ စစ်ကောင်စီလက်အောက်ခံ ဂန့်ဂေါ ခလရ…

ဘီးလင်းမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ဘီးလင်း – ဖေဖော်ဝါရီ(၁၇) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက် ခံလိုက်ရတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှုကော်မတီကနေ သိရပါတယ်။ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကား ၅ စီးပါး စစ်ကောင်စီ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး…

အင်အားကြီးနိုင်ငံတွေရဲ့အနိုင်ကျင့်ဗိုလ်ကျ ခွဲခြားဆက်ဆံခံနေရတဲ့အတွက် စိတ်မကောင်းဘူးလို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် – ဖေဖော်ဝါရီ(၁၇) အင်အားကြီးနိုင်ငံတချို့က ပြည်တွင်းရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးပြပြီး ဝင်ရောက်စွက် ဖက်ကာ တည်ငြိမ်မှုပျက်ပြားအောင် စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံ အသုံးပြုကာ ဆောင်ရွက်နေသလို နိုင်ငံငယ်လေးတွေအပေါ် မလိုတစ်မျိုးလိုတစ်မျိုးလုပ်ပြီး ဖိအားပေး အကျပ် ကိုင်မှုတွေ အနိုင်ကျင့်ဗိုလ်ကျမှုတွေ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၆) ရက်နေ့က ကျင်းပတဲ့ (၇၅) နှစ်မြောက် မြန်မာ-ရုရှား…

ရုရှားမိုးပျံပူဖောင်းတွေကို ယူကရိန်း ပစ်ချဖျက်ဆီး

ကိဗ်၊ ဖေဖော်ဝါရီ (၁၇) ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ကို ဖြတ်ကျော်ပြီး ရုရှားက လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်း ဒါဇင်တစ်ဝက်ကို ခြေရာခံတွေ့ရှိခဲ့ပြီး အများစုကို ပစ်ချခဲ့တယ်လို့ ယူကရိန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မိုးပျံပူဖောင်းတွေထဲမှာ ကင်းထောက်ကိရိယာတွေကို သယ်ဆောင်လာနိုင်ပြီး ယူကရိန်းရဲ့ လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်လှမ်းနိုင်ဖို့ လွှတ်တင်ခဲ့တာဖြစ်နိုင်တယ်လို့ ကိဗ်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ဘောလုံးအများစုကို ပစ်ချလိုက်ပြီလို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က…

အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သားလေးဦးကို အင်ဒိုတရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်

ဂျကာတာ – ဖေဖော်ဝါရီ(၁၇) အင်ဒိုနီးရှားနိုင်ငံရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ ပါပူအာ ဒေသကအရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သားလေးဦးကို အင်ဒိုစစ်တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေနဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် အထိချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအကုန်ပိုင်းက အသတ်ခံရတဲ့ အရပ်သား(၄)ဦးဟာ စစ်သားတွေဆီက သေနတ်ဝယ်ယူဖို့ ကြိုးစားဖူးသူတွေဖြစ်ပြီး အရောင်းအဝယ်ကိစ္စလွဲချော်သွားပြီးနောက် မှာတော့ သူတို့ အသတ်ခံခဲ့ရကာ ခန္ဓာကိုယ်တွေကို ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိ လုပ် ဆောင်ခံခဲ့ရသလို…

ကိုဗစ်ရဲ့ ဇစ်မြစ်ကို အဖြေမရမချင်း တွန်းအားပေးသွားမယ်လို့ WHO ဆို

ဇူရစ် – ဖေဖော်ဝါရီ(၁၇) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပုံနဲ့ပတ်သက်ပြီး ရှာဖွေမှုကို စွန့်လွှတ်ခဲ့ တယ်လို့ အစီရင်ခံစာတစ်ခုအပြီးမှာ ပြောခဲ့ပြီးနောက် အဖြေမရမချင်း ဆက်လက်တွန်းအားပေး သွားမှာဖြစ်တယ်လို့ WHO အကြီးအကဲက ပြောခဲ့ပါတယ်။ SARS CoV-2 ဗိုင်းရပ်စ် ဘယ်ကလာသလဲ၊ လူသားတွေကြား ဘယ်လိုပျံ့နှံ့လာသလဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းဖို့ဟာ အနာဂတ်ကပ်ရောဂါတွေကို ရှောင်ရှားဖို့ အရေးကြီး တယ်လို့ ဆိုခဲ့တာပါ။ Nature…

PRA-Magway သင်တန်းဆင်းရဲဘော်တွေ တော်လှန်ရေးကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပ

မကွေး – ဖေဖော်ဝါရီ(၁၇) မကွေးတိုင်း၊ PRA-Magway ဌာနချုပ်တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်း ဆင်းရဲဘော်တွေရဲ့ တော်လှန်ရေးကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၆) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အပတ်စဉ်(၄) သင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၆) ရက်နေ့က သင်တန်းဆင်းအခမ်းအနားပြုလုပ် ခဲ့ပြီး အခုချိန်မှာတော့ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ပေးအပ်တာတွေဆောင်ရွက်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၅) ကိုလည်း…

KNU နယ်မြေမှာ စစ်ရှောင်ကျေးရွာ ၂ ရွာ တောမီးလောင်မှုကြောင့် နေအိမ် ၁၆၀ နီးပါး မီးလောင်ပျက်စီးခဲ့

ကော်သူးလေ၊ ဖေဖော်ဝါရီ(၁၇) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ(၃) လယ်ဒိုမြို့ နယ်အတွင်းက ရွာလုံးကျွတ် ထွက်ပြေးနေရတဲ့ စစ်ရှောင်ကျေးရွာ ၂ ရွာမှာ တောမီးကူးစက် လောင်ကျွမ်းခဲ့တာ ကြောင့် လူနေအိမ် ၁၆၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ(၁၂)ရက်နေ့က ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကြောင်ပြာကျေးရွာမှာ…