ဝါရှင်တန် – ဖေဖော်ဝါရီ(၁) 

နိုင်ငံရဲ့ အရှေ့ဘက်မှာ ရုရှားစစ်တပ်က အရှန်မြှင့်လာနေတဲ့အတွက် တန်ပြန်တိုက်ခိုက်ဖို့ ယူကရိန်း ဘက်က တောင်းဆိုထားတဲ့ (F-16) တိုက်လေယာဉ်တွေကို အမေရိကန်က ထောက်ပံ့ ပေးမှာ မဟုတ်ဘူးလို့ သမ္မတ ဂျိုးဘိုင်ဒင်က ငြင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ယူကရိန်းကို ပင်မတိုက်ပွဲဝင် တင့်ကားတွေ ထောက်ပံ့ပေးပြီးနောက် F-16 လို စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေ တောင်းဆိုဖို့ စီစဉ်ထားတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးရဲ့ အကြံပေးတစ်ဦးက ဆိုထားတာပါ။ 

ကာကွယ်ရေးဝန်ကြီးရဲ့ အကြံပေးဖြစ်တဲ့ ယူရီဆာ့ခ်က ကြီးမားတဲ့ အခက်အခဲမှာ တိုက်လေယာဉ် တွေဖြစ်လာမယ်လို့ ဆိုခဲ့ပြီး ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီတိုက်လေယာဉ် တွေကို လေ့ကျင့်ဖို့ လေယာဉ်မှူးတွေကို တစ်နှစ်ခွဲခန့် အချိန်ယူရမယ်လို့ ပြောခဲ့ပါတယ်။ 

အမေရိကန်က ဂျက်တိုက်လေယာဉ်တွေ ပေးဖို့ ရှိမရှိနဲ့ ပတ်သက်ပြီး သမ္မတ ဘိုင်ဒန်ကို မေးမြန်းချိန်မှာတော့ မရှိဘူးလို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။ 

ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ခုခံဖို့အတွက်နဲ့ လက်စားချေ တုံ့ပြန်မှုကို စတင်လုပ်ဆောင်နေပြီလို့ ပြောခဲ့ပြီး မကြာခင် အခုလို ထွက်ပေါ်လာတာဖြစ်ပါ တယ်။ 

ဂျာမနီနဲ့ အမေရိကန်တို့က သံတမန်ရေးအရ ပိတ်ဆို့နေတဲ့ တင့်ကားတွေ ပေးဆောင်ဖို့ အစီအစဉ် ကို ကြေညာပြီး ရက်သတ္တပတ်တွေအတွင်း ယူကရိန်းက တွန်းအားပေးခဲ့တာပါ။ 

ရုရှားရဲ့ ထိုးစစ်အတွက် လှုပ်ရှားမှု အရပ်အယောင်တွေ မတွေ့ရသေးပေမယ့် ယူကရိန်း အရှေ့ပိုင်း ဒွန်နက်ပြည်နယ်ရဲ့ ရုရှားထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေကို အုပ်ချုပ်သူ ဒန်နစ် ပွတ်ရှလင်က ရုရှားတပ်တွေဟာ စစ်ပွဲစတည်းက ယူကရိန်းခံတပ်တစ်ခုဖြစ်တဲ့ ကျောက်မီးသွေး တူးဖော်ရေးမြို့ကို ခြေကုပ်ယူထားပြီလို့ ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ TASS ကဖော်ပြထား ပါတယ်။ 

ပွတ်ရှလင်ရဲ့ အကြံပေးပုဂ္ဂိုလ်ကလည်း ရုရှားတပ်သား ဝဂ်နာအဖွဲ့က တိုက်ခိုက်ရေးသမားတွေ ဟာ မော်စကိုရဲ့ အဓိက အာရုံစိုက်ရာ မြို့ဖြစ်တဲ့ ဘတ်မက်သို ဦးတည်တဲ့ ထောက်ပံ့ရေး လမ်း တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ 

“ရုရှားက ကြီးမားတဲ့ လက်စားချေမှုကို တကယ်လိုလားတယ်လို့ ကျွန်တော်ထင်တယ်၊ သူတို့ စတင်လုပ်ဆောင်နေပြီလို့ ထင်ပါတယ်” လို့ ဇယ်လန်းစကီးက တောင်ပိုင်းဆိပ်ကမ်းမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ယူကရိန်းဗိုလ်မှူးကြီးနဲ့ စစ်ရေးလေ့လာသူ ဆလာမခမ်းက လည်း မြို့က တောင်ယာပေါ်မှာ ရှိပြီး အလွန်အားကောင်းတဲ့ ခံစစ်အတွက် အဓိကကျတဲ့ နေရာတစ်ခုကို ဖန်တီးထားပြီး အဲဒီမြို့ကို ရုရှားရဲ့ တိုက်ခိုက်မှုဟာ တန်ကြေးကြီးမားတယ်လို့ ယူကရိန်းရေဒီယိုဌာန NV ကို ပြောခဲ့ပါ တယ်။

Ref: NTD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.