မော်လမြိုင်၊ ဖေဖော်ဝါရီ(၁)
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးနဲ့ ကရင်အမျိုးသားတွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ဆုံးခန်းတိုင်အောင် ပြီး မြောက်အောင်မြင်တဲ့အထိ ကြိုးပမ်းအားထုတ်ကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ(၃၁)ရက်နေ့မှာ ကျရောက်မယ့် (၇၄)ကြိမ်မြောက် ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့အတွက် ကရင် အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌစောမူတူးစေးဖို့က ပေးပို့တဲ့မိန့်ခွန်းသဝဏ်လွှာမှာ တိုက်တွန်းပြောကြားလိုက်တာပါ။
မိမိတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပိုမိုအားကောင်းစေဖို့နဲ့ အောင်မြင်ဖို့အတွက် စစ်အာဏာရှင်စနစ်နဲ့ အာဏာ ရှင်စနစ်တွေရဲ့ စရိုက်လက္ခဏာအလုံးစုံကို ကြိုးပမ်းတော်လှန်နေကြတဲ့ အခြားသောလူမျိုးစုတွေ၊ အစုအဖွဲ့တွေနဲ့လည်း လက်တွဲတိုက်ထုတ်ကြရမယ်လို့ KNU ဥက္ကဋ္ဌက တိုက်တွန်းခဲ့တာပါ။
နိုင်ငံတစ်နိုင်ငံထဲမှာ အေးအေးချမ်းချမ်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ဖို့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင် စုကြီးကို အတူတကွ ထူထောင်ကြရမှာဖြစ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေ အရပ်ရပ်အပေါ် မူတည်ကာ မိမိတို့ ပိုမိုအားကောင်းဖို့နဲ့ အောင်မြင်နိုင်ဖို့အတွက် အခြားသော လူမျိုးတွေ၊ အစုအဖွဲ့တွေနဲ့ လက်တွဲပြီး နိုင်ငံရေးသတိနဲ့ ရည်မှန်းချက်ပန်းတိုင်အောင်မြင်တဲ့အထိ ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်း ထားပါတယ်။
ဒါ့အပြင် လူမျိုးတိုင်းနဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် လူတစ်ဦးချင်းရဲ့ တန်းတူအခွင့်အရေးတွေနဲ့ ကိုယ်ပိုင် လွတ်လပ်မှုတွေအပြင် လူမျိုးအလိုက်၊ အစုအဖွဲ့အလိုက် လွတ်လပ်မှုနဲ့ရပိုင်ခွင့် အခွင့်အရေးတွေကို အာမခံ ချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ရမှာဖြစ်ပြီး အဲဒီအခွင့်အရေးတွေကို နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ထည့်သွင်းပြဌာန်းရမယ်လို့ ဆိုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တော်လှန်ရေးထဲမှာ ပြည်သူလူထုနဲ့ လက်တွဲပြီး စစ်ကောင်စီကို အပြင်းအထန်ဆန့်ကျင်ခဲ့ကာ KNU ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီနဲ့ တိုက်ပွဲအပြင်းအထန်လည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်