Radio Than Lwin Times(7/1)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ရေနံချောင်း – ဇန်နဝါရီ(၉) မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးရဲ့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၈) ရက်နေ့က ရေနံချောင်းမြို့နယ် ရှားတော ကျေးရွာမှာ မင်းဘူးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းတို့ကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။ “ဦးဝင်းဝင်းဆိုရင်လည်း စဖမ်းကတည်းက…
ရန်ကုန် – ဇန်နဝါရီ(၉) အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူတာကို ဒီနေ့ ဇန်နဝါရီလ(၉) ရက်ကစပြီး (၃၁) ရက် အထိ တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူတာကို ရတဲ့နည်းနဲ့ တွန်းလှန်ဖို့ Yangon Drone ကတိုက်တွန်းထားပါတယ်။ အခုလို စာရင်းကောက်ယူတာဟာ စစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့ အတွက်တင်မဟုတ်ဘဲ…
လမိုင်း၊ ဇန်နဝါရီ (၉) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊လက်ဝှေ့ရုံဈေးတန်းအနီးမှာ ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ SB အရာရှိတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်က လမိုင်းမြို့၊လက်ဝှေ့ရုံဈေးတန်းအနီး ကွမ်းယာ လာဝယ်တဲ့ SB ရဲအုပ်ညီညီဝင်းကို ရေးပြောက်ကျားတပ်ဖွဲ့က…
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ဒီပဲယင်းကွဲကျေးရွာကို PDF အကြမ်းဖက် သမားများမှ ဝင်ရောက် ပစ်ခတ်”ဆိုတဲ့ ရုပ်သံဖိုင်ပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…
ပုသိမ် – ဇန်နဝါရီ(၉) ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင် ဆူပူမှုဖြစ်စဉ်အပါအဝင် အကျဉ်းသားတွေကို ထောင်တွင်းနှိပ်စက်သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို ပေးပို့သွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကိုဝင်းမင်းထက် အပါအဝင် မတရားဖမ်းဆီး အကျဉ်းချခံနေရတဲ့ ပြည်သူ (၈) ဦး ဟာ သေဒဏ် ချမှတ်စီရင်ဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး…
ရန်ကုန်၊ ဇန်နဝါရီ(၈) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အလုပ်ရုံ၊ စက်ရုံတွေပိတ်သိမ်းဖို့ တင် ပြမှုတွေဆက်ရှိနေတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့မှုနှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အလုပ်ရုံ၊ စက်ရုံတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း လျှပ်စစ်မီး အပြည့်အဝမရတာ၊ ဓာတ် ဆီ၊ ဒီဇယ်ဆီဈေး အဆမတန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် တောင့်မခံနိုင်တော့ဘဲ ပိတ်သိမ်းမှုတွေရှိလာသလို အချို့စက်ရုံတွေကတော့ သက်ဆိုင်ရာဌာနတွေမှာ…
စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးအတွင်း ကဏ္ဍပေါင်းစုံချွတ်ခြုံကျလာနေတဲ့ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်ပြည်သူတွေ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေတဲ့အခြေနေမှာ စစ်ကောင်စီက အခုနှစ်အတွင်း အချိုးကျကိုယ်စားပြု (PR) စနစ်ကိုကျင့်သုံးပြီး ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ နှစ်ဆန်းပိုင်းမှာ ပြောဆိုပါတယ်။ PR စနစ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊မေ၊နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့မှာ လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး Close List PR…
တနင်္သာရီ၊ ဇန်နဝါရီ(၈) တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇၀၀၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ပါတယ်။ Southern Monitor အဆိုအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လတည်းမှာပဲ ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀ ထက်မနည်း မီးလောင်ပျက်…
မော်လမြိုင်၊ ဇန်နဝါရီ(၈) အာဏာသိမ်းစစ်တပ်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်ကိုအသုံးပြုပြီး တိုက်ပွဲပြင်းထန်နေတဲ့ က ရင်ပြည်နယ်ထဲကို စစ်ကူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဇန်နဝါရီ (၅)ရက်နေ့ ညနေပိုင်းကစပြီး မော်လမြိုင်လေဆိပ်ပတ်လမ်းတလျှောက်နဲ့ တောင်ဝိုင်းတောင်တက်လမ်းတွေကို ပိတ်ဆို့ပြီးနောက် လေဆိပ်ထဲမှာ စစ်ရေးဆိုင်ရာလုပ် ငန်းစဉ်တွေ ဆောင်ရွက်နေတာပါ။ စစ်ကောင်စီနဲ့နီးစပ်သူတွေအဆိုအရ မော်လမြိုင်လေဆိပ်ကိုအသုံးပြုပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေထံ စစ်ကူ၊လက်နက်ခဲယမ်းနဲ့…