January 28, 2023

မတူပီ ကကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မတူပီ – ဇန်နဝါရီ(၂၈) ချင်းပြည်နယ်၊ မတူပီမြို့ ဇင်ဇေ့ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ(၃) စီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ ဒေသခံတွေထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၇) ရက်မနက်ပိုင်းက နေပြည်တော်ကပျံတက်လာတဲ့ ဂျက်ဖိုက်တွေရဲ့ တိုက်ခိုက်မှုတွေခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (၂) ဦးသေဆုံး ထားပြီး (၃) ဦး…

ဒါလီချောင်းကူးကွန်ကရစ်တံတား ဖောက်ခွဲခံရ၊ပြိုကျပျက်စီး

ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၂၈) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာကျေးရွာနားက ဒါလီကျောင်းကူး ကွန်ကရစ် တံတားကို ဒီနေ့ဇန်နဝါရီ(၂၈) ရက်မနက်အစောပိုင်းက မိုင်းထောင်ဖောက်ခွဲခဲ့တဲ့အတွက် ပြိုကျ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါလီချောင်းကူး တံတားဟာ သံပုရာကျေးရွာနဲ့ ရွှေလင်းကျေးရွာကြားမှာရှိပြီး မိုင်းထောင်ဖောက် ခွဲခံလိုက်ရတဲ့အတွက် ကားတွေဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။ “မနက်အစောကြီးက ပေါက်ကွဲသံ(၃) ကြိမ်လောက်ကြားလိုက်ရတယ်။ နောက်တော့ပြိုကျသံ ကြားရတယ်။…

သံဖြူဇရပ် – ရေးကားလမ်းမှာ ယာဉ်တိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦးသေဆုံး

ရေး၊ ဇန်နဝါရီ (၂၈) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကနင်ကမော့နဲ့ အောင်သာယာကျေးရွာကြားရှိ သံဖြူဇရပ် – ရေးကား လမ်းမှာ ဇန်နဝါရီလ (၂၇) ရက် ညနေ(၆)နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး အပါအဝင်လူ(၅) ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ အဲဒီယာဉ်တိုက်မှုဟာ ရေးဘက်ကနေ သံဖြူဇရပ်ဘက်ကို မောင်းနှင်လာတဲ့ မှန်လုံယာဉ်တစ်စီးနဲ့ သံဖြူဇရပ် ဘက်မှ…

တရုတ်အစိုးရ ကိုဗစ်မူဝါဒကိုဆန့်ကျင်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ သတင်းအစအနမရတော့

ရှန်ဟိုင်း၊ ဇန်နဝါရီ(၂၈) တရုတ်နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်မူဝါဒကို လူသိရှင်ကြားဆန့်ကျင်ဆန္ဒပြသူ အများအပြားဟာ ထိန်းသိမ်းခံနေရဆဲဖြစ်သလို တရားစွဲဆိုမှုတွေလည်း ရင်ဆိုင်နေကြရပြီး အကြောင်းအရင်းကို နောက်ဆက်တွဲအကြောင်းအရင်းကို မကြားသိရတော့ကြောင်း Human Rights Watch က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်းရှိ မြို့အများအပြားမှာ နိုင်ငံရဲ့ COVID-19 မူဝါဒကို သုံးနှစ်နီးပါး တင်းကျပ်စွာ ကျင့်သုံး နေခြင်းကို အဆုံးသတ်ဖို့ တောင်းဆိုဆန္ဒပြမှုတွေ…

မူးယစ်ဆေးဝါးစစ်ပွဲ ပြန်လည်စတင်ဖို့ အိုင်စီစီကို ဖိလစ်ပိုင် အယူခံဝင်မယ်

မနီလာ – ဇန်နဝါရီ(၂၈) ဖိလစ်ပိုင်နိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ ပြန်လည်စတင် နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ အစိုးရက ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ စတင်ခဲ့ချိန်က သမ္မတ ရိုဒရီဂို ဒူတာတေး အစိုးရရဲ့ တောင်းဆိုက်ချက်အရ ဟိတ်တရားရုံးဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စုံစမ်းစစ်ဆေး မှုတွေကို…

ဆိုမာလီယာမှာ အိုင်အက်စ် ခေါင်းဆောင်တစ်ဦးကို အမေရိကန် သုတ်သင်ရှင်းလင်း

မိုဂါဒစ်ရှုး- ဇန်နဝါရီ(၂၈) အိုင်အက်စ်ခေါင်းဆောင်နဲ့ အကြမ်းဖက်အဖွဲ့ဝင်(၁၀) ဦးကို ဆိုမာလီယာနိုင်ငံမြောက်ဘက်မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အမေရိကန် တပ်ဖွဲ့တွေဟာ ခေါင်းဆောင် ဆူဒစ်နီ ကိုဖမ်းဆီးနိုင်ဖို့ ပြင်ဆင်ထားပေမယ့် တဘက်က ရန်လိုပြင်းထန်စွာ တန်ပြန်တိုက်ခိုက်မှုကြောင့် အဆုံးသတ်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ “ခေါင်းဆောင် ဆူဒစ်နီဘာလောဟာ ဆိုမာလီယာမြောက်ဘက် တောင်ကြောနှင့် ချိုင့်ဝှမ်းများ ပါဝင်သော နေရာတစ်ခုကနေ…

မွန်ပြည်သစ်ပါတီက သထုံခရိုင်အတွင်းမှာရှိတဲ့ စစ်ရှောင်တွေအတွက် သိန်း(၁၀၀) လှူဒါန်း

သထုံ – ဇန်နဝါရီ(၂၈) မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ကို ဒီနေ့ ဇန်နဝါရီလ(၂၈) ရက်နေ့မှာ မြို့နယ်တွင်းတာဝန်ရှိသူတွေ၊ မွန်ပြည်သစ်ပါတီ သထုံခရိုင် တာဝန်ရှိသူတွေက ငွေကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သထုံခရိုင်ထဲမှာ စစ်ဘေးရှောင်တွေအတွက် ဖွင့်လှစ်ထားတဲ့ ကျေးရွာကိုးရွာမှာရှိတဲ့ ဘုန်းကြီး ကျောင်းတွေမှာ ထောက်ပံ့လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ – မွန်ပြည်သစ်ပါတီ

ကံပေါက်ဒေသမှာ ဆိုင်ကယ်စီးနင်းခွင့် စစ်ကောင်စီပိတ်ပင်

ရေဖြူ၊ ဇန်နဝါရီ(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီဘက်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာကြောင့် သွားရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီခန့် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုး အပါအဝင် ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဆိုင်ကယ်နဲ့လာရောက် ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က…