ကော့ကရိတ် – ဇန်နဝါရီ(၆)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်ဒေသမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ (၆) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၉၀​) ကျော်သေဆုံးခဲ့တယ်လို့ Lion Battalion Commando က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀(မမ)၊၄၀(မမ) နဲ့ RPG စတဲ့ လက်နက်ကြီးတွေနဲ့ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ပြည်သူ (၁၅၀၀) ကျော် စစ်ဘေးရှောင်ခဲ့ ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို K.T.L.A(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊ အထူးစစ်ဆင် ရေးတပ်ဖွဲ့ S.O.F အပါအဝင်တခြား ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ (၆) ရက်တာ တိုက်ပွဲ အတွင်း စစ်တပ်နဲ့ BGF တို့ပူးပေါင်း နေထိုင်တဲ့ စခန်း(၂) ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်တိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေတာကို ပြည်သူတွေ မမေ့လျော့ကြဖို့နဲ့ ပိုမိုပြင်းထန်လာမယ့် တိုက်ပွဲတွေအပေါ် ပူးပေါင်းပါဝင်သွားကြဖို့လည်း တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.