TLT Tv ||- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၆)ရက် သောကြာနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/uCGb-E9LwT4
https://youtu.be/uCGb-E9LwT4
ကော့ကရိတ် – ဇန်နဝါရီ(၆) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်ဒေသမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ (၆) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၉၀) ကျော်သေဆုံးခဲ့တယ်လို့ Lion Battalion Commando က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀(မမ)၊၄၀(မမ) နဲ့ RPG စတဲ့ လက်နက်ကြီးတွေနဲ့ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့…
လောင်းလုံး – ဇန်နဝါရီ(၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာမှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ထန်းရည်လာဝယ်တဲ့ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က ထန်းတဲနဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီလောက်မှာ သကျက်တောကျေးရွာထိပ်ရှိ ထန်းရည်ဆိုင်မှာ သကျက်တောရဲစခန်းက ရဲတပ်သား ၂…
သထုံ – ဇန်နဝါရီ(၆) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဇန်နဝါရီ ၅ ရက်နေ့ ည ၁၀ နာရီလောက်က သီဟမင်း ခရီးသည်တင်မှန်လုံယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်ဘက်သို့ မောင်းနှင်းလာတဲ့ သီဟမင်း ခရီးသည်တင်မှန်လုံယာဉ်ဟာ ကမာစိုင်ကျေးရွာအရောက်မှာ…
ဒီးမော့ဆို – ဇန်နဝါရီ(၆) ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း (၃၄၁) ကြိမ်ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်က (၇၉၇) ဦးသေဆုံးပြီး (၉၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေး (KNDF) ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာ စစ်ရေးသတင်း အနှစ်ချုပ်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဇန်နဝါရီလ(၆)…
ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၆) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်စစ်ကောင်စီတပ်ရင်း ၃ ရင်းကို KNLA ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ပူးပေါင်းတပ်နဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက်စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၃၊ ခလရ ၂၈၄၊ ခလရ ၃၂ တပ်ရင်းတွေကို…
ကာဘူးလ်၊ ဇန်နဝါရီ(၆) အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်အဖွဲ့တွေ ခိုအောင်းရာနေရာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း လူ ၈ ဦးသေဆုံးပြီး ခုနစ်ဦးကို ဖမ်းဆီးထားတယ်လို့ တာလီဘန်တို့က ဒီဇင်ဘာလ (၅) ရက်နေ့မှာ ထုတ်ပြန်ခဲ့ ပါတယ်။ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရှိ တိုက်ခိုက်ရေးသမားတွေနဲ့ ထောက်ခံအားပေးသူတွေကို စည်းရုံးဖို့ ကြိုးပမ်းနေတဲ့ အစွန်းရောက်အဖွဲ့ကို ကာလရှည်ကြာ တိုက်ခိုက်နှိမ်နင်းလျက်ရှိတာပါ။ “ဒီအဖွဲ့ဝင်တွေဟာ တရုတ်တွေတည်းတဲ့ ဟိုတယ်ကိုတိုက်ခိုက်ရာမှာ အဓိကအခန်းကဏ္ဍကနေ…
ဟနွိုင်း – ဇန်နဝါရီ(၆) ဗီယက်နမ်အစိုးရက အကျင့်ပျက်ချစားမှုတွေ ရှိနေတယ်ဆိုတဲ့ ဒုဝန်ကြီးနှစ်ဦးကို ကာလကြာရှည် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ပါလီမန်က အဲဒီဝန်ကြီးနှစ်ပါးဖြုတ်ချခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ပေးတာမရှိ ပေမယ့် ဇန်နဝါရီလ(၅) ရက်နေ့ အစောပိုင်းမှာ ဗီယက်နမ်းဝန်ကြီးချုပ် ဖန်မင်းချင် က ဝန်ကြီး နှစ်ပါးဖြစ်တဲ့ မစ္စတာ ဒမ်နဲ့…
မော်စကို – ဇန်နဝါရီ(၆) ဥရောပရဲ့ ပိတ်ဆို့မှုတွေခံထားရတဲ့ ရုရှားဟာ အာတိတ်ဒေသက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ပိုမိုသက်သာတဲ့ လျှော့စျေးနဲ့ တင်ပို့နေတယ်လို့ ကုန်သွယ်ရေး သတင်းရင်းမြစ်တွေနဲ့ အချက်အလက်တွေအရ သိရပါတယ်။ အာတိတ်အဆင့် Arco၊ Arco/Novy Port နဲ့ Varandey တို့ကို ပုံမှန်အားဖြင့် ကမ္ဘာ့အရှေ့ပိုင်းဒေသ ကို တင်သွင်းလေ့မရှိမရှိပေမယ့်…
ရေဖြူ၊ ဇန်နဝါရီ(၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဗုံးကွဲတာနဲ့ဗုံးတွေ့ရှိမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး အစစ်ဆေးကြမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ရေဖြူမြို့မဈေးအနီးနဲ့ ပုဂေါဇွန်းကျေးရွာဘက်သွားလမ်းတွေမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၅…