December 2022

အာဆီယံအထူးသံတမန် ရဲ့ တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် ဖျက်သိမ်း

ဖနွမ်းပင် – ဒီဇင်ဘာ(၈) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန် ဟာဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတက်ရောက်ရမှာဖြစ်တဲ့အတွက် မြန်မာပြည်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်(၅) ချက်ကို အကောင်အထည်မဖော်တာနဲ့ တက္ကသိုလ် ကျောင်းသား(၇) ဦးကို သေဒဏ်ချမှတ်ခံခဲ့တာတွေနဲ့ပတ်သက်ပြီး ဒီခရီးစဉ် ဖြစ်မြောက်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောဆိုထားတာပါ။ နိုင်ငံခြားရေးဝန်ကြီး ဆော့ခွန်ဟာ ဘရပ်ဆဲလ်မှာ ဒီဇင်ဘာလ(၁၄) ရက်နေ့မှာ…

ပွင့်ဖြူ NLD အလုပ်အမှုဆောင်ကို PDF တွေသတ်တယ်လို့ သတင်းမှားဖြန့် (အမှန် /အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင် းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ပွင့်ဖြူက NLD အလုပ်အမှုဆောင်တဦးကို အကြမ်းဖက် PDF များကဖမ်းဆီးသွားပြီး လည်လှီးသတ်လိုက်” ဆိုတဲ့…

ရုရှားထံက လောင်စာဆီတွေကို ဆက်လက်ဝယ်ယူနေဦးမယ်လို့ အိန္ဒိယ အရိပ်အမြွက်ပြော

နယူးဒေလီ၊ ဒီဇင်ဘာ(၇) အိန္ဒိယအစိုးရဟာ ကိုယ်ပိုင်လောင်စာဆီလိုအပ်ချက်တွေကို ဦးစားပေးစဉ်းစားပြီး ရုရှားထံမှ လောင်စာဆီ ဆက်လက်ဝယ်ယူမှာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အလည်အပတ်ရောက်ရှိနေတဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆူဘရာ မန်ယန် ဂျာရီရှန်ကာက အခုလိုမှတ်ချက်ပြုလိုက်တာပါ။ ဥရောပသမဂ္ဂနဲ့ အဓိကစက်မှုနိုင်ငံခုနစ်နိုင်ငံအုပ်စုတို့က သတ်မှတ်ထားတဲ့ ရုရှားရေနံ တစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်းထားကို အိန္ဒိယဟာ အခုချိန်အထိတော့ လက်ခံဆုံးဖြတ်ခြင်းမရှိသေးပါဘူး။ ဒီဇင်ဘာ…

အမေရိကန် ကိုဗစ်ထောက်ပံ့ငွေ သန်းပေါင်းများစွာကို တရုတ်ဟက်ကာတွေခိုးယူ

ဝါရှင်တန် – ဒီဇင်ဘာ(၇) တရုတ်ဟက်ကာတွေက ၂၀၂၀ ခုနှစ်ကစတင်ပြီး အမေရိကန်ရဲ့ ကိုဗစ်သက်သာခွင့် အစိုးရ ထောက်ပံ့ငွေတွေထဲက ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ လျှို့ဝှက်ထောက်လှမ်း ရေးအဖွဲ့ပ ပြောပါတယ်။ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုဖို့ ငြင်းဆိုခဲ့ပေမယ့် NBC သတင်းဌာနရဲ့ အတည်ပြုချက်အရ တရုတ်ဟက်ကာ အဖွဲ့ ကို လုံခြုံရေးသုတေသနအသိုင်းအဝိုင်းအတွင်း APT 41 ဒါမှမဟုတ်…

ထိုင်းမှာ လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်ဖို့ ပြင်ဆင်နေ

ဘန်ကောက် – ဒီဇင်ဘာ(၇) ထိုင်းအစိုးရက လိင်အကြမ်းဖက်မှုကျူးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်အရေးယူမယ့် အစီအစဉ် ကိုလာမယ့် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ စတင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တရားရေးဝန်ကြီးဌာနက ဒီဥပဒေသစ်ကို လာမယ့် ဇန်နဝါရီလ(၂၃) ရက်နေ့က စပြီး အသက် သွင်းဖို့ လုပ်ဆောင်နေပြီး လိင်အကြမ်းဖက်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်သူတွေ အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့…

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ် မေးမြန်းချက်။

၂၀၂၂ ခုနှစ်မကုန်ခင် အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအဝင် မထိုးထား တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲ တစ် ရပ်ကျင်းပဖို့ PPST က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင် ငံရေးဆွေးနွေးပွဲ ဖြစ်လာဖို့ ဘယ်အခြေအနေရောက်ရှိနေပြီလဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကရော ဘယ်လိုသဘောထားရှိလဲ။ ဒီတွေ့ဆုံဆွေးနွေးပွဲကို…

လူမဆန်တဲ့အကြမ်းဖက်တရားလက်လွတ်ပြုကျင့်သူတွေ မဖြစ်ဖို့ သတိထားရမယ်လို့ NUG ပြော

မော်လမြိုင် – ဒီဇင်ဘာ(၇) စစ်ရေးနည်းလမ်းနဲ့ တိုက်ပွဲဝင်နေကြပေမယ့် လူမဆန်တဲ့ စစ်ကောင်စီလို အသိတရားမဲ့လို့မဖြစ် သလို တရားလက်လွတ်ပြုကျင့်သူတွေလည်း မဖြစ်ဖို့အရေးကြီးတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ (၇၇) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ကျွန်တော်တို့ဟာဓမ္မဘက်တော်သား တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ကျွန်တော်တို့ပန်းတိုင် ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ် လွန်းတဲ့အကြမ်းဖက်အုပ်စုကို…

ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှာ မီးလောင်လို့ လူနေအိမ် ၅ လုံးပျက်စီး

ပေါင်၊ ဒီဇင်ဘာ(၇) ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ၊ ကမ်းနားပိုင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက မီး လောင်မှု ဖြစ်ပွားလို့ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၇ နာရီကျော်ခန့်မှာ ကမ်းနားပိုင်းနေ ဦးရွှေထွန်းနေအိမ်မှာ ဘုရားမီးကို ဖယောင်းတိုင်မီးနဲ့ ပူဇော်ထားရာက စတင်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “နေအိမ်မှာ…

KNU အုပ်ချုပ်နယ်မြေထဲက တိုက်ပွဲတွေကြောင့် တစ်လအတွင်း အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရ

ကော်သူးလေ၊ ဒီဇင်ဘာ(၇) ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ နိုဝင်ဘာလတစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် အရပ်သား(၁၂)ဦး သေဆုံးခဲ့ပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ပြုလုပ်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နဲ့…