ပေကျင်း – ဒီဇင်ဘာ(၃၁)
ကိုဗစ်ကူးစက်မှုမြင့်မားနေတဲ့ တရုတ်နိုင်ငံကို လာမယ့် ဇန်နဝါရီလ(၃) ရက်နေ့က (၅) ရက်နေ့ အထိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာသွားရောက်လည်ပတ်မှာဖြစ်တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်အစိုးရရဲ့ ပြည်ပရေးရာဦးစီးဌာန အတွင်းရေးမှူးရဲ့ ပြောဆိုချက်မှာတော့ ခရီးစဉ် အတွက် အန္တရာယ်ဖြစ်နိုင်ချေတစုံတရာမရှိစေဖို့ ပိုမိုတင်းကျပ်တဲ့ ကျန်းမာရေးအတိုင်းအတာ တွေကို ထည့်သွင်းဆောင်ရွက်သွားမယ်လို့ ဆိုထားတာပါ။
“တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဟာ အလွန်အရေးကြီးပါတယ် ပြီးတော့ သမ္မတနှင့် ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မယ့် ခရီးစဥ်အတောအတွင်းမှာ (ရောဂါကူးစက်မှု နှင့်သက်ဆိုင်တဲ့) လုံခြုံရေးအတွက် အိမ်ရှင်နိုင်ငံဘက်မှ စီစဥ်ဆောင်ရွက်ပေးထားမှုတွေနဲ့ ကျွန်ုပ်တို့ကို အာမခံထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရွေးချယ်ထားတဲ့ တရုတ်အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့ ဝန်ထမ်း တွေကို လူအများမဝင်ရောက်နိုင်တဲ့ နေရာတွေမှာ စီစဉ်သွားမှာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရရင် လည်း သီးသန့်ထားရှိနိုင်ဖို့အတွက် ကွာရန်တင်းနေရာကို ကိုယ်စားလှယ်အဖွဲ့တွေအတွက် ပြင်ဆင်ထားနိုင်တယ်လို့လည်း သိရပါတယ်။
ခရီးစဉ်တွေသွားရောက်ချိန်မှာ ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ တွေ့ဆုံလေ့ရှိတဲ့ မစ္စတာ မားကိုစ့်ဟာ ဒီခရီးစဉ်မှာတော့ တွေ့ဆုံမှာမဟုတ်ဘူးလို့ သိရပါတယ်။
တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့ဝင်တွေနဲ့ အစည်းအဝေး ကို လာမယ့် ဇန်နဝါရီလ(၄) ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင် သံတမန်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအဝန်းအဝိုင်းက ဒီဇင်ဘာလအစောပိုင်းမှာ ကိုဗစ် ကန့်သတ်ချက်တွေ ဖြေလျှော့ပြီး ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာတဲ့ တရုတ်နိုင်ငံကို သွား ရောက်မယ့် သမ္မတရဲ့ ခရီးစဉ် ရွှေ့ဆိုင်းနိုင်တယ်လို့ ယူဆတာတွေလည်း ရှိနေပါတယ်။
သမ္မတတာဝန်စတင်ယူချိန်တည်းက ဒီတရုတ်ပြည်ခရီးစဉ်ဟာ အရှေ့တောင်အာရှ ပြင်ပနိုင်ငံ ကိုထွက်ခွာတဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ထိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ APEC အစည်းအဝေးအတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံချိန်မှာ တရုတ်သမ္မတက ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
ဖိလစ်ပိုင်ခေါင်းဆောင်မားကိုစ့် သွားရောက်မယ့် ခရီးစဉ်မှာ စိုက်ပျိုးရေးကဏ္ဍ အပြင် ပြန်လည် ဖြည့်စွက်နိုင်တဲ့ စွမ်းအင် ကဏ္ဍအထိ နှစ်နိုင်ငံ သဘောတူညီချက်(၁၄) ခုကို လက်မှတ်ရေးထိုးမှာ ဖြစ်ပြီး တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း အစီအစဉ်မှာ ဖိလစ်ပိုင်ရဲ့ ပါဝင်မှုကို တိုးမြှင့်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တရုတ်ပြည်ခရီးစဉ်ကို ဖိလစ်ပိုင်သမ္မတ မားကိုစ့်ရဲ့ ဇနီး၊အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ၊ ဝန်ကြီး အဖွဲ့ဝင်တွေနဲ့ ဖိလစ်ပိုင်စီးပွားရေးသမားတွေလည်း အတူတကွ လိုက်ပါသွားမှာဖြစ်တယ်လို့ သိရ ပါတယ်။
Ref: The Straitstime