နေပြည်တော် – ဒီဇင်ဘာ(၂၆)

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အဂတိအမှုတွေနဲ့ စွပ်စွဲခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နောက်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်မှာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြော ပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ NLD အစိုးရလက်ထက်က ရဟတ်ယာဉ်ဝယ်ယူဌားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ စစ်ကောင်စီက တရားစွဲထား တာပါ။

ဒီအမှုတွေမှာ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဓိကထား တရားစွဲထားတာဖြစ်ပြီး သူတို့ကတော့ စွပ်စွဲထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက် ခဲ့တာဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုထားကြပါတယ်။

စစ်ကောင်စီက စွပ်စွဲထားတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ရုံးချိန်းမှာ နှစ်ဘက်လုံးက အပြီး သတ်လျှောက်လဲချက်ပေးခဲ့ကြကာ လာမယ့် ဒီဇင်ဘာလ(၃၀) ရက်နေ့မှာ အမိန့်ချမှာဖြစ်တယ် လို့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၁) ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအစည်းအဝေးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ စစ်ကောင်စီကို အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.