မော်လမြိုင်၊ ဒီဇင်ဘာ၊ (၂၀)ရက်

ပရီးမီးယားလိဂ်ကလပ်အသင်း မန်ယူအသင်းဟာ အေဂျက်စ်အသင်းနဲ့ ဂါနာလက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား မိုဟာမက်ကူဒက်စ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမား မိုဟာမက်ကူဒက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါနာအသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့သလို သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာပါ။

မန်ယူနည်းပြ တန်ဟက်ဂ်ကလည်း မိုဟာမက်ကူဒက်စ်ကို လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ အရခေါ်ယူသွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။မိုဟာမက်ကူဒက်စ်ကလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြနေကြတာပါ။

ဂါနာအသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ မိုဟာမက်ကူဒက်စ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ဖြစ်တဲ့ လီဗာပူးလ်၊ စပါးနဲ့ အဲဗာတန်အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

မိုဟာမက်ကူဒက်စ်ဟာ အေဂျက်စ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၆၈ ပွဲကစားပေးထားပြီး သွင်းဂိုး၂၀ အထိ သွင်းယူပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.