ပြုံယမ်း – ဒီဇင်ဘာ(၂၀) 

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုတစ်ခုတီထွင်မှုအတွက် အရေးကြီးတဲ့ နောက်ဆုံး အဆင့်စမ်းသပ်မှုကို ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ဧပြီလမှာအပြီးသတ်ဖို့ ကြိုးပမ်း

နေတယ်လို့  KCNA မီဒီယာမှာ ဖော်ပြထားပါတယ်။ 

ဒီထုတ်ပြန်ချက်ဟာ နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးကို တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ် ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တွေက အစီရင်ခံပြီးနောက်တစ်ရက်အကြာမှာ ထွက် ပေါ်လာခဲ့တာပါ။ 

မြောက်ကိုရီးယား အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုအဖွဲ့(NADA) က Sohae ဂြိုလ်တုလွှတ်တင်ရေးစခန်းမှာ ဂြိုလ်တုပုံရိပ်ဖော်တာ၊ ဒေတထုတ်လွှင့်တာနဲ့ မြေပြင်ထိန်းချုပ်မှု စနစ်တွေကို ပြန်လည်သုံးသပ်ဖို့အတွက် စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်လို့ KCNA ကဖော်ပြထား ပါတယ်။  

20’m ရုပ်ထွက် ရောင်ပြန်ကင်မရာ၊ဘက်စုံကင်မရာနှစ်လုံး၊ရုပ်ပုံထုတ်လွှတ်ကိရိယာနဲ့ လက်ခံ ကိရိယာတွေ၊ထိန်းချုပ်ကိရိယာနဲ့ ဘတ်ထရီတစ်ခုတို့ပါဝင်တဲ့ ပုံစံတူဂြိုလ်တုကို သယ်ဆောင် လာတဲ့ ယာဉ်တစ်ဦးဟာ ကီလိုမီတာ (၅၀၀) အကွာအဝေးကို ပစ်လွှတ်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ 

“အာကာသပတ်ဝန်းကျင်တွင်း ကင်မရာလည်ပတ်မှုနည်းပညာ၊ ဆက်သွယ်ရေးကိရိယာများ၏ ဒေတာပေးပို့ခြင်းနှင့် ထုတ်လွှင့်နိုင်စွမ်း၊ မြေပြင်ထိန်းချုပ်မှုစနစ်၏ တိကျမှုကို ခြေရာခံခြင်းနှင့် ထိန်းချုပ်ခြင်းစတဲ့ အရေးကြီးသော နည်းပညာဆိုင်ရာ ညွှန်ကိန်းများကို ကျွန်ုပ်တို့ အတည်ပြုခဲ့ပါတယ်” လို့ NADA ပြောခွင့်ရပုဂ္ဂိုလ်က KCNA ကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဧပြီလမှာ အပြီးသတ်မယ့် စမ်းသပ်မှုမှာ ကင်းထောက်ဂြိုလ်တုလွှတ်တင်ဖို့အတွက် နောက်ဆုံး အဆင့်ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ဒီဇင်ဘာလ(၁၈) ရက်နေ့က လွှတ်တင်ချိန်မှာတော့ အဖြူအမည်းပုံရိပ်ပြတ်သားမှု နည်းတဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်နဲ့ အနီးအနားက အင်ချွန်းဆိပ်ကမ်းမြို့တို့ရဲ့ ပုံရိပ် တွေကို ရိုက်ကူးနိုင်ခဲ့တယ်လို့ KCNA မှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ နောက်ဆုံးပစ်လွှတ်မှုကို တောင်ကိုရီးယား သမ္မတရုံးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို ရန်စမှုတွေအပါအဝင် နျူကလီးယး ဒုံးကျည်တွေတိုးမြှင့်ထုတ်လုပ်နေတာဟာ ပြုံယမ်းအစိုးရကိုသာ အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ဆိုထားပါတယ်။ 

ဂြိုလ်တုဓာတ်ပုံတွေနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ ဆိုးလ်န့ တိုကျိုတို့ကို ခြိမ်းခြောက်ဖို့ ရည်ရွယ် ထားတာဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးနဲ့ လုံခြုံရေးဖိုရမ် အကြီးတန်း သုတေသီ တစ်ဦးဖြစ်သူ ရှင်ဂျွန်ဝူက မှတ်ချက်ပြုထားပါတယ်။ 

ခေါင်းဆောင်ကင်ဂျုံအန်းကတော့ ထောက်လှမ်းရေးဂြိုလ်တု စမ်းသပ်တီထွင်တာဟာ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ သတင်းအချက်အလတ်တွေကို ပေးဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ ပါတယ်။ 

Ref: CN A

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.