ပေကျင်း – ဒီဇင်ဘာ(၂၀) 

ဒီနှစ်ဆောင်းရာသီအတွက်တရုတ်နိုင်ငံမှာ ကိုဗစ်လှိုင်း(၃) ကြိမ်ဖြစ်ပေါ်လာနိုင်ပြီး အဲဒီထဲက တစ်ကြိမ်ကြုံတွေ့ရဖို့ရှိနေတယ်လို့ ထိပ်တန်းကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။ 

တရုတ်မှာ ဒီနှစ်အစောပိုင်းမှာ ကန့်သတ်ချက်အများအပြားကို ဖြေလျှော့ပေးပြီးနောက်ပိုင်း အမြင့်ဆုံး ကူးစက်မှုနှုန်းတွေ တိုးမြင့်လာနေတာပါ။ 

ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေမှာ နေ့စဉ်အသစ်ကူးစက်နှုန်း ကျဆင်းနေပေမယ့် စမ်းသပ် မှုနည်းပါးတာကြောင့် ကူးစက်မှုတွေကျဆင်းသွားတာမျိုးဖြစ်နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ 

ကူးသက်ရောဂါပညာရှင် ဒေါက်တာ ဝူဇွန်ယူက ကူးစက်မှုနှုန်းတွေဟာ လာမယ့် ဇန်နဝါရီလမှာ ထွက်ပေါ်လာနိုင်တဲ့ ဒုတိယလှိုင်းမတိုင်ခင်အထိ မြင့်တက်လာနိုင်သလို ဒုတိယလှိုင်းထပ်မံဖြစ် ပေါ်လာနိုင်တဲ့အချိန်မှာ လူတွေရဲ့ အားလပ်ရက်ခရီးထွက်ချိန်ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် တတိယအကြိမ် ကူးစက်မှု မြင့်တက်လာမယ့်အချိန်ဟာ ဖေဖော်ဝါရီလနှောင်းပိုင် ကနေ မတ်လအလယ်ထိ ဖြစ်နိုင်တယ်လို့ ဒေါက်တာဝူက ပြောပါသေးတယ်။ 

လက်ရှိတရုတ်နိုင်ငံမှာ ကာကွယ်ဆေးထိုးမှု နှုန်းထား ဟာ မြင့်တက်လာတဲ့ ရောဂါကူးစက်မှု ကို တားဆီးနိုင်တဲ့ အတိုင်းအတာတချို့ရှိနေသလို ပြင်းထန်ရောဂါတွေဖြစ်ပေါ်လာတာကနေ ကျဆင်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

တရုတ်နိုင်ငံ လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး အသက်(၈၀) နဲ့အထက် လူဦးရေ အစုအဖွဲ့တွေဟာ ကာကွယ်ဆေး သုံးကြိမ်အထိ ထိုးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ 

ကမ္ဘာတဝှမ်းမှာ အသုံးပြုနေတဲ့ mRNA ကာကွယ်ဆေးတွေထက် ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်ဖျားနာမှုနဲ့ သေဆုံးမှုတွေကနေ ပြည်သူတွေကို ကာကွယ်နိုင်တဲ့ ကိုယ်ပိုင်ဆေးတွေ တရုတ်နိုင်ငံမှာ ထုတ်လုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၈) ရက်နေ့က တရုတ်အစိုးရထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း အရ ကိုဗစ်ကူး စက်မှုအသစ် (၂၀၉၇) ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.