ဝါရှင်တန် – ဒီဇင်ဘာ(၇) 

တရုတ်ဟက်ကာတွေက ၂၀၂၀ ခုနှစ်ကစတင်ပြီး အမေရိကန်ရဲ့ ကိုဗစ်သက်သာခွင့် အစိုးရ ထောက်ပံ့ငွေတွေထဲက ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ လျှို့ဝှက်ထောက်လှမ်း ရေးအဖွဲ့ပ ပြောပါတယ်။ 

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုဖို့ ငြင်းဆိုခဲ့ပေမယ့် NBC သတင်းဌာနရဲ့ အတည်ပြုချက်အရ တရုတ်ဟက်ကာ အဖွဲ့ ကို လုံခြုံရေးသုတေသနအသိုင်းအဝိုင်းအတွင်း APT 41 ဒါမှမဟုတ် Winnti အဖြစ် သိထားတယ် လို့ NBC News က ထုတ်ပြန်ထားတာပါ။ 

APT41 ဟာ အစိုးရကျောထောက်နောက်ခံပြု ဆိုက်ဘာ ကျူးကျော်မှုတွေနဲ့ ငွေကြေးအရ လှုံ့ဆော်ပေးတဲ့ ဒေတာချိုးဖောက်မှုတွေ ရောနှောလုပ်ဆောင်တဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်း တစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးသူတွေ၊ဆိုရှယ် 

မီဒီယာ ကုမ္ပဏီတွေနဲ့ ဗီဒီယိုဂိမ်းဆော့ဖ်ဝဲရေးဆွဲသူတွေ အပါအဝင် ကုမ္ပဏီပေါင်း (၁၀၀) ကျော်ကို သူလျှိုလုပ်ပြီးဖောက်ထွင်းခဲ့တဲ့အတွက် အဲဒီဟက်ကာအဖွဲ့ဝင်တွေကို အမေရိကန် တရားရေးဌာနက ၂၀၁၉ နဲ့၂၀၂၀ ခုနှစ်တွေမှာ စွဲချက်တင်ထားတယ်လို့ သိပါတယ်။ 

“ဝမ်းနည်းစရာကောင်းတာက တရုတ်ကွန်မြူနစ်ပါတီဟာ ဆိုက်ဘာရာဇ၀တ်ကောင်တွေကို တရုတ်နိုင်ငံအတွက် ဘေးကင်းစေမယ့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ပြီး နိုင်ငံတွင်း အထောက်အကူဖြစ်စေတဲ့ ဉာဏပစ္စည်းပိုင်ဆိုင်မှုကို တရုတ်နိုင်ငံပြင်ပက ကွန်ပျူတာတွေကို တိုက်ခိုက်ပြီး ခိုးယူခဲ့တယ် ” လို့ ဒုတိယရှေ့နေချုပ်ဟောင်း ဂျက်ဖရီရိုဆန်က ပြောထားပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် တရုတ်သံရုံးကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.