၂၀၂၂ ခုနှစ်မကုန်ခင် အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအဝင် မထိုးထား တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲ တစ် ရပ်ကျင်းပဖို့ PPST က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့်EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်  ငံရေးဆွေးနွေးပွဲ ဖြစ်လာဖို့ ဘယ်အခြေအနေရောက်ရှိနေပြီလဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကရော ဘယ်လိုသဘောထားရှိလဲ။ ဒီတွေ့ဆုံဆွေးနွေးပွဲကို ဘယ်အချိန်လောက်မှာ စတင်နိုင်မလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ် မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ အခုနှစ်မကုန်ခင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ဖို့အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။

၂၀၂၂မကုန်ခင် ကျွန်တော်တို့ ရည်မှန်းထားတာတော့ ရှိတာပေါ့လေ။ ဒါက ရည်မှန်းချက်ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိကတော့ ကျွန်တော်တို့က ကြိုးပမ်းနေဆဲရှိတယ်။ ကြိုးပမ်းနေဆဲအဆင့် နေရာမှာ PPSTအနေနဲ့ ကြိုးပမ်းတာရှိသလိုပေါ့လေ PPST ထဲမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့သော် လည်းကောင်း၊ ကျွန်တော်တို့နဲ့ နီးစပ်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ကလည်းပဲ သူ တို့တစ်ဖွဲ့ချင်းစီအနေနဲ့လည်း ခုနကပြောနေတဲ့ EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေး ပွဲတစ်ရပ်ဖြစ်ဖို့ သူ့နည်းသူဟန်နဲ့ ကြိုးပမ်းမှုတွေရှိတယ်။

ဆိုလိုရင်းချုပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့အရင် တုန်းက ရည်မှန်းခဲ့သလိုပါပဲ။ ကျွန်တော်တို့ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှာလည်း ကျွန်တော်တို့ EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ခု လုပ်ဆောင်ဖို့ ရည်မှန်းချက်ရှိတဲ့နေရာမှာ PPSTအနေနဲ့သော်လည်းကောင်း၊ PPSTအဖွဲ့ထဲက တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီကလည်းကောင်း ဒါသူ့နည်းသူ့ဟန်နဲ့ ကျွန်တော်တို့ ကြိုးပမ်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်ခင်ဗျ။

-နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ PPST ရဲ့ ကမ်းလှမ်းချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေကရော ဘယ်လိုတုံ့ပြန်တာရှိလဲ။

ခုနက ပြောသလိုပေါ့လေ။ ကျွန်တော်တို့ကလည်း ခေါင်းစဉ်အရ PPST အဖွဲ့အစည်းနဲ့ ဆောင်ရွက်ချဉ်းကပ်ရမှု တွေရှိသလို တခြားနေရာတွေမှာကျရင်လည်း ကျွန်တော်တို့လက်ရှိ ဖြစ်ပေါ်နေတဲ့ နိင်ငံရေးအခင်းအကျင်း အရ ပေါ့လေ။ ငါတို့တစ်ဖွဲ့ချင်းစီကနေ သူနဲ့နီးစပ်ရာ ပတ်သက်ရာ ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီအလိုက် ကြိုးပမ်း ဆောင်ရွက်မှုတွေ ရှိနေတယ်။ ကေအန်ယူအဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း ကျွန်တော်တို့စတင်ပြီးတော့ ကြိုး ပမ်းညှိနှိုင်း ဆောင်ရွက်မှုတွေရှိတယ်။ အဖွဲ့အစည်းအနေနဲ့သော် မဟုတ်ခဲ့တောင်မှ အလွတ်သဘောအားဖြင့် ပေါ့လေ။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးဆက်ဆံမှု ရှိတဲ့အပေါ်မှာလည်းပဲ ကျွန်တော်တို့ အလွတ်သဘောအားဖြင့် စတင် ပြီးတော့ ကြိုးပမ်းလုပ်ဆောင်တာတွေ ရှိနေတယ်။ တုံပြန်မှုအနေနဲ့ ပြောဖို့ကတော့ ဒီအချိန်မှာစောနေသေး တယ်။ အခုမှ ကျွန်တော်တို့က စတင်ပြီးတော့ ချဉ်းကပ်လုပ်ဆောင် ကြိုးပမ်းနေရတဲ့အပေါ်မှာတော့ အသေးစိတ်ပြောဖို့တော့ ကျွန်တော်တို့လည်း စတင်ပြီးတော့ လုပ်ဆောင်နေတဲ့အဆင့်ပဲ ရှိသေးတာကို ကျွန်တော်တို့ ပြောလိုပါတယ်။

-ဆိုတော့ လက်ရှိအခြေအနေအရ ဒီတွေ့ဆုံဆွေးနွေးပွဲက ချဉ်းကပ်တဲ့အဆင့်မှာပဲ ရှိသေးတယ်လို့ပြောရလား။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။

PPST အနေနဲ့ချဉ်းကပ်တာထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆိုတာကလည်း သူ့ရဲ့ပထဝီ အနေအထားအရ ပျံ့နှံ့ပြီး ကျွန်တော်တို့ ဖြစ်တည်ရှိနေတဲ့အပေါ်မှာ နီးစပ်ရာပေါ့လေ။ တစ်ဖွဲ့ချင်းစီအလိုက် ကြိုးပမ်းမှုလည်းရှိပါတယ်။ ခုနကပြောသလိုပေါ့။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ မျက်နှာစုံညီဖြစ်မြောက်ဖို့အ တွက်ကိုပဲ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ တူပါတယ်။ စတင်ပြီးတော့ ချဉ်းကပ်လုပ်ဆောင်တဲ့နေရာမှာ တော့ PPST ခေါင်းစဉ်မဟုတ်ပဲနဲ့ ခုနက တစ်ဖွဲ့ချင်းစီရဲ့ ရင်းနှီးဆက်စပ်မှုရှိတဲ့ အပေါ်မှာလည်း ကြိုးပမ်းလုပ် ဆောင်မှုတွေရှိတဲ့အကြောင်း ပြောတာပါခင်ဗျ။

-EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲဟာ ဘယ်တော့လောက်ဖြစ်နိုင်မလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

အချိန်ကာလနဲ့ ပက်သက်ပြီးတော့လည်း ပြောဖို့ဆိုဖို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ အတိအ ကျတော့ မပြောနိုင်သေးပါဘူးဆိုတာ အမှန်တကယ်ပါပဲခင်ဗျ။ EAOs တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေး ဖြစ်ဖို့ကလည်း PPST ကဖိတ်လို့ ကျန်တဲ့အဖွဲ့တွေက လာရတာလည်း မဖြစ်စေချင်ဘူး။ ကျွန်တော် တို့လိုချင်တာကတော့ ကျွန်တော်တို့ ပြည်ထောင်စုအတွင်းမှာ နေကြတဲ့ ကျွန်တော်တို့တိုင်းရင်းသားလူမျိုးများ  အားလုံးနဲ့ ဆက်စပ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကတော့ ဒီလိုမျိုး နိုင်ငံ ရေး အခက်အခဲအကြပ်အတည်းကို အဖြေရှာကျော်ဖြတ်နိုင်ဖို့ အစပြုတဲ့အနေနဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုဖွဲ့တွေ့ဆုံမယ့် အခင်းအကျင်းကတော့ ကျွန်တော်တို့ခုနကပြောသလိုပေါ့လေ။

အားလုံးပူး ပေါင်းပါဝင်မှုဖြစ်ဖို့ကိုလည်း ကျွန်တော်တို့က အဲဒီလိုနားလည်မှု ရှိထားတဲ့အတွက်ကြောင့် အခုကျွန်တော်တို့ ချဉ်းကပ်တဲ့ တစ်ဖွဲ့ချင်းစီအရသော်လည်းကောင်း ဆက်စပ်ရာ ညှိနှိုင်းကြိုးပမ်းမှုကနေ ပေါ်လာတဲ့ နှစ်ဖက်က လက်ခံနိုင်တဲ့အခြေအနေ၊ အားလုံးကလက်ခံနိုင်တဲ့ အခင်းအကျင်း၊ အားလုံးလက်ခံနိုင်တဲ့ နေရာဒေသ အဲဒီ အခြေခံပေါ်မှာပဲ ကျွန်တော်တို့က ဆောင်ရွက်သွားဖို့ နားလည်မှုရှိတဲ့အပေါ်မှာ အခုမှစတင်ပြီးတော့ ကမ်းလှမ်း တာတို့၊ ချဉ်းကပ်တာတို့စတင်ပြီးတော့ ကြိုးပမ်းနေတဲ့ကာလမှာ ဘယ်အချိန်ကဖြစ်နိုင်မလဲ၊ ဘယ်နေရာဖြစ်နိုင် မလဲ၊ ဘယ်အခင်းအကျင်းဖြစ်နိုင်မလဲဆိုတာ ပြောနိုင်ဖို့ကိုတော့ ရိုးရိုးသားသားပြောရမယ်ဆိုရင် အချိန်စော သေးတယ်လို့ပဲ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်ခင်ဗျ။

-နောက်ဆုံးအနေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဒီဇင်ဘာလထဲမှာငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ အဖွဲ့တွေနဲ့ သဘောတူလက်မှတ်ရေးထိုး မျှော်လင့်နေတယ်လို့ပြောဆိုထားတာ တွေ့ရပါတယ်။ လက်ရှိမှာရော စစ်အုပ်စုဘက်က ဘာတွေ ကမ်းလှမ်းလာတာရှိမလဲ။

ဟုတ်ကဲ့ခင်ဗျ။ မရှိသေးပါဘူး။ ကျွန်တော်တို့ စကစနဲ့သွားရောက် တွေ့ဆုံခဲ့တဲ့အတိုင်း လက်နက်ကိုင် အဖွဲ့အ စည်း NCA လက်မှတ်ထိုးထားပြီးသား အားလုံးပေါင်း ၇ဖွဲ့ရှိတာပေါ့။ ဒါတွေ့ဆုံမှုက ဒုတိယအကြိမ်အထိရှိ တယ်။ လာမယ့် ဒီဇင်ဘာလအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သူတို့လုပ်ဆောင်လိုတဲ့ ရည်မှန်းချက်တွေ ကို ထုတ်ဖော်ပြောကြားတာတော့ ကျွန်တော်တို့လည်း ကြားထားတာရှိတယ်။ သို့သော်လည်း အခုလက်ရှိသွားနေတဲ့ တစ်ဖွဲ့ချင်းစီအရသော်လည်းကောင်း၊ သုံးဖွဲ့စုပေါင်းပြီးသွားတဲ့ ဒုတိယအကြိမ် အခင်းအကျင်းအရသော် လည်းကောင်း အဲဒီနောက်ပိုင်းမှာမှ ပြောဆိုလာတဲ့ ထုတ်ဖော်ပြောဆိုချက်တွေက ကျွန်တော်တို့ကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဖြေတစ်ခုခုဆိုတာက ငြိမ်းချမ်းရေးအတွက်ပေါ့လေ။

လိုအပ်နေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမျိုးဆိုတာကတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တစ်နည်းအားဖြင့်ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆိုတာ ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့က သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက ကျွန်တော်တို့အတွက်က အဓိကဖြစ်တယ်။ သို့သော်လည်းပဲ ပုံမှန်မ ဟုတ်တဲ့ နိုင်ငံရေးအခြေအနေတစ်ခု အောက်မှာတော့ ကျွန်တော်တို့က ဒီလိုမျိုးတစ်ဖွဲ့ချင်းစီသွားရောက် တွေ့ ဆုံနေတဲ့ အခင်းအကျင်းအောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ် ဒီမိုကရေ စီ ကိစ္စရပ်တွေကျတော့လည်း အချိန်ယူပြီးအားလုံးပါဝင်နိုင်မယ့် အခင်းအကျင်းကို ကြိုးပမ်းဖော်ဆောင်လိမ့်မယ် လို့ ထင်ပါတယ်။

နစက ဥက္ကဌအနေနဲ့ ဒီဇင်ဘာလအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ပက်သက်တဲ့ရလဒ်တစ်ခုခုအနေနဲ့ကတော့ ပကတိရှိ နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ ကျွန်တော်တို့အနေနဲ့ မျှော်မှန်းကြည့်တာကတော့ အားလုံးပါဝင်တဲ့နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဒါမှမဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ဖို့အတွက် လိုအပ်တဲ့ အားလုံးပူးပေါင်းပါဝင်တဲ့ ငြိမ်းချမ်းရေးအတွက် အစပျိုးတဲ့ အခင်းအကျင်းလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ နားလည်မှု ရှိပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.