ဂျာဗား – ဒီဇင်ဘာ(၆) 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားက ကျွန်းတစ်ကျွန်းမှာ အမြင့်ဆုံးမီးတောင်ပေါက်ကွဲပြီးနောက် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက မီးတောင်ရဲ့ (၈) ကီလိုမီတာအတွင်း သွားလာ ခွင့်မပြုဖို့ ဇုံသတ်မှတ်ထားပြီး ရွာခံတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားပါတယ်။ 

ပြည်နယ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီက ဆီမီရူ တောင်အနီးက အဆိုးရွားဆုံး ထိခိုက် တဲ့နေရာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ဖြန့်ကျက်ထားပြီး မိုးရွာသွန်းမှုနည်းပါးသွားရင် အန္တရာယ်လျော့နည်းသွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို ပြောခဲ့ပါတယ်။ 

အရှည် ၃၆၇၆ မီတာရှည်တဲ့ မီးတောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၄) ရက်နေ့က ဒေသစံတော်ချိန် မွန်းလွဲ(၃) နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ 

မီးတောင်ပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း (၂၅၀၀) နီးပါးဟာ မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အင်ဒိုနီးရှား မီးတောင်နဲ့ ဘူမိဗေဒဆိုင်ရာ အန္တရာယ်လျော့ပါးရေးအေဂျင်စီက ဆီမီရူ မီးတောင် အတွက် အမြင့်ဆုံး သတိပေးချက်အဆင့်ကို မြှင့်တင်ခဲ့ပြီး မီးတောင်ထိပ်ကနေ (၈) ကီလိုမီတာ အထိ ချော်ရည်တွေ စီးဆင်းခဲ့တဲ့အတွက် မြစ်ကမ်းဘေး တစ်လျှောက် ပြည်သူတွေ မနေကြဖို့ အေဂျင်စီက သတင်းပေးထားပါတယ်။ 

ပြီးခဲ့တဲ့ လကလည်း မြို့တော် ဂျကာတာ အရှေ့ဘက် (၆၄၀) ကီလိုမီတာမှာ မီးတောင်ပေါက်ကွဲ ခဲ့တဲ့အတွက် လူ(၃၀၀) ကျော်သေဆုံးခဲ့ပြီး ဂျာဗားအနောက်ဘက်မှာ ငလျင်တွေ ဆက်တိုက် လှုပ်ခပ်ခဲ့ပါသေးတယ်။ 

လူဦးရေးသန်း(၂၇၀) ရှိတဲ့အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ် အများဆုံး ကြုံတွေ့နေရတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း ဆီမီရူမှာ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ(၅၀) ကျော်သေဆုံး ကာ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါသေးတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေအပျောက်စာရင်းတစုံတရာထုတ်ပြန်ထားတာမရှိသလို လေကြောင်း သွားလာမှုတွေလဲ ပြတ်တောက်တာမရှိဘူးလို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.