December 2022

ဘီးလင်းမြို့နယ်မှာ စစ်တပ်လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၄ ဦး ထက်မနည်း ဒဏ်ရာရ

ဘီလင်း၊ ဒီဇင်ဘာ(၃၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ တိုက်ပွဲမရှိဘဲ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီ မဲပလီတပ်စခန်းကနေ တောင်ကလေးကျေးရွာထဲကို လက်နက်ကြီး…

စစ်အာဏာသိမ်း (၆၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၈၈ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၃၁) AAPP ရဲ့ ဒီဇင်ဘာ (၃၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၈)ရက်အတွင်း ပြည်သူ (၂၆၈၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၇၀၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၆၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံးစရိတ် ကျပ် ဘီလီယံ ၄,၀၀၀ ကျော်အထိရှိလာ

နေပြည်တော်၊ ဒီဇင်ဘာ(၃၁) စစ်ကောင်စီက ထပ်မံအတည်ပြုပြဌာန်းလိုက်တဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြောင့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ် ဘီလီယံ ၄၀၀၀ ကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၂ – ၂၀၂၃…

ကော့ကရိတ်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ် အင်အားထပ်တိုးလာ

ကော့ကရိတ်၊ ဒီဇင်ဘာ (၃၁) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးတဲ့နောက် တပ်အင်အားတိုးချဲ့တွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNLA ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူတပ်ခွဲ(၁)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်ပတ်နီးပါးကြာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မ ဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၇)ရက်နေ့က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။…

နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို လာမယ့်နှစ်ဆန်းပိုင်းမှာ တရုတ်ဘက်က ပြန်ဖွင့်ပေးလာနိုင်

မော်လမြိုင်၊ ဒီဇင်ဘာ (၃၁) တရုတ်နိုင်ငံဟာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့ကို ဖြေလျော့လာတာကြောင့် လာမယ့်နှစ်ဆန်းပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို ပြန်ဖွင့်ပေးလာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံးသပ်တာပါ။ တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို လုံးဝပိတ်ထားခဲ့သလို တချို့ကုန်သွယ်ရေးဂိတ်တွေမှာတော့ ကုန်ပစ္စည်းတင်သွင်းရာမှာ တင်းကျပ်တဲ့ စည်းကမ်းချက်တွေနဲ့ ကုန်သွယ်ခွင့်ပြုခဲ့တာပါ။ အခုလိုတင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ကုန်သွယ်မှုအများစု လုပ်ငန်းရပ်ဆိုင်းခဲ့သလို မဖြစ်မနေတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေကိုသာ…

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်ခံရ ၊ စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်အထိရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ(၃၁) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိအမှု ၅ မှုအတွက် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ဟာ သဘာဝဘေးတုံ့ပြန်ဖို့ ရဟတ်ယာဉ် တစ်စီးဝယ်ယူမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီမဆောင်ရွက်လို့ နိုင်ငံတော်ကငွေကြေးနစ်နာဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိမှု ၅ မှုနဲ့ တရားစွဲဆိုထားတဲ့အမှုတွေလည်း…

ထီးလင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လေးရက်ဆက် မီးရှို့ဖျက်ဆီး

ထီးလင်း – ဒီဇင်ဘာ(၃၀) မကွေးတိုင်း ထီးလင်းမြို့နယ်က ကျေးရွာလေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက (၄) ရက်ဆက် တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်(၁၁)လုံးနဲ့ ဇရပ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်ကနေ (၂၈) ရက်နေ့အထိ ထလင်းကျေးရွာ၊ဝက်သက်တောင်ရွာနဲ့ ဝက်သက်အရှေ့ပြင်ရွာ၊ ဝက်သက်မြောက်ရွာတို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာပါ။ ထီးလင်းမြို့နယ်က ကျေးရွာ (၄) ရွာကိုမီးရှို့ခဲ့တဲ့…

အမေရိကန်ကင်းထောက်လေယာဉ်ကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တား

ဘေဂျင်း၊ ဒီဇင်ဘာ(၃၁) တောင်တရုတ်ပင်လယ်အတွင်း တရုတ်တိုက်လေယာဉ်တစ်စင်းဟာ အမေရိကန် ကင်းထောက်လေယာဉ် တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့တဲ့အတွက် ရှောင်တိမ်းပေးခဲ့ရကြောင်း အင်ဒို-ပစိဖိတ်ဒေသရှိ ဒေသတွင်း အမေရိကန်စစ်ရေးဆိုင်ရာ ကွပ်ကဲမှုတာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က တရုတ်ရေတပ်ပိုင် J-11 တိုက်လေယာဉ်တစ်စင်းဟာ လူ ၃၀ ခန့်လိုက်ပါလာတဲ့ RC-135 Rivet Joint အမေရိကန်ကင်းထောက်လေယာဉ်ရဲ့ မျက်နှာစာမှ ပေ ၂၀…

ကိုဗစ်ကူးစက်မှု မြင့်မားနေတဲ့ တရုတ်နိုင်ငံကို ဖိလစ်ပိုင် သမ္မတသွားရောက်လည်ပတ်မယ်

ပေကျင်း – ဒီဇင်ဘာ(၃၁) ကိုဗစ်ကူးစက်မှုမြင့်မားနေတဲ့ တရုတ်နိုင်ငံကို လာမယ့် ဇန်နဝါရီလ(၃) ရက်နေ့က (၅) ရက်နေ့ အထိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာသွားရောက်လည်ပတ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်အစိုးရရဲ့ ပြည်ပရေးရာဦးစီးဌာန အတွင်းရေးမှူးရဲ့ ပြောဆိုချက်မှာတော့ ခရီးစဉ် အတွက် အန္တရာယ်ဖြစ်နိုင်ချေတစုံတရာမရှိစေဖို့ ပိုမိုတင်းကျပ်တဲ့ ကျန်းမာရေးအတိုင်းအတာ တွေကို ထည့်သွင်းဆောင်ရွက်သွားမယ်လို့ ဆိုထားတာပါ။ “တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဟာ အလွန်အရေးကြီးပါတယ် ပြီးတော့ သမ္မတနှင့်…