အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ (၂၀) လောက်သေဆုံး
ဂျာကာတာ – နိုဝင်ဘာ(၂၂)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အနောက်ဘက် ဂျာဗား ခရိုင်ဒေသန္တရမှာ မက္ကနီကျု ၅.၆ အထိရှိ တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် လူ(၂၀) လောက်သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေ က ပြောပါတယ်။
အစိုးရအာဏာပိုင်တစ်ဦးက ဂျာဗား အနောက်ဘက်ရှန်နယောမြို့မှာ ငလျင်ဗဟိုချက်တည်ခဲ့ တာဖြစ်ပြီး လူ(၃၀၀) ကျော်ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကိန်းဂဏန်းတွေက ဆေးရုံတစ်ခုတည်းက သိရတဲ့ ကိန်းဂဏန်းတွေပါ၊ ရှန်နယောမြို့မှာ ဆေးရုံ ၄ လုံးရှိပါတယ်” လို့ အာဏာပိုင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ငလျင်ကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှု တွေပိုမိုမြင့်တက်လာနိုင်တယ်လို့ လည်း သူကပြောပါသေးတယ်။
အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့ အစီရင်ခံချက်မှာတော့ လက်တလောသေဆုံးသူ (၁၄) ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ(၂၁) ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြို့တော်ဂျာကာတာရဲ့ (၇၅) ကီလိုမီတာမှာ ရှိတဲ့ ရှန်နယောမြို့က စတင်ခဲ့တာဖြစ်ပြီး အနက်ပေ (၁၀) ကီလိုမီတာ(၆.၂) မိုင် အနက်ထိ ရောက်ရှိခဲ့ပေမယ့် ဆူနာမီဖြစ်နိုင်ဖို့တော့ မရှိဘူးလို့ ဇီဝရူပအေဂျင်စီက ပြောပါတယ်။
အမျိုးသားသဘာဝဘေးအန္တရယ်အေဂျင်စီကတော့ နေအိမ်တွေနဲ့ အစ္စလာမ်ဘာသာရေးကျောင်း အများအပြား ပျက်စီးခဲ့တယ်လို့ ဆိုထားပြီး တစ်ချို့သော အပျက်အစီးတွေကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
Metro TV က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖိုင်မှာတော့ ငလျင်လှုပ်ခဲ့တဲ့ မြို့က အဆောက်အုံတချို့ဟာ ပြိုကျလုနီးပါး ဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်နေကြပြီး အပြင်မှာ စုပြုံနေကြရတာ တွေ့ရပါတယ်။
ရာသီဥတုနဲ့ ဇီဝရူပ အေဂျင်စီကတော့ ငလျင်လှုပ်ခတ်ပြီး (၂) နာရီအကြာမှာ နောက်ဆက်တွဲ ငလျင်(၂၅) ခုလောက်ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်နဲ့ မီးတောင်အများအပြားရှိနေပြီး မကြာခဏငလျင်လှုပ်ခတ်မှုတွေ ကြောင့် ဒေသခံတွေ အသက်သေဆုံးရတာတွေရှိနေတာဖြစ်ပါတယ်။
Ref: Reuters