ဘန်ကောက် – နိုဝင်ဘာ(၂၂) 

ထိုင်းနိုင်ငံမှာ အမေရိကန်နဲ့ ပူးပေါင်းပြီး အသေးစားနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ အမေရိကန်ရဲ့ ဒုတိယသမ္မတ ကာမလာဟားရစ်က ပြောပါတယ်။ 

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ Net Zero World အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအတွင်း နျူစွမ်းအင်ထုတ်လုပ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံ ဖူကူရှီးမားမှာ နျူကလီးယား ဘေးအန္တရာယ်ကျရောက်ပြီး နောက် နိုင်ငံတွင်းနေထိုင်သူတွေဟာ နျူကလီးယားစွမ်းအင်ကို ဆန့်ကျင်တဲ့ သဘောထားတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံမှာ နျူကလီးယားစွမ်းအင်မရှိသေးဘူးလို့သိရပါတယ်။ 

ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးမှာ အမေရိကန်ဒုသမ္မတက ဒီအစီအစဉ်ကို ကြေညာခဲ့တာပါ။ 

ဒီအစီအစဉ်ဟာ ၂၀၂၁ ခုနှစ်က Glasgow ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ပရဟိတ သမားတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေဟာ အမေရိကန်အစိုးရနဲ့ ပူးပေါင်းပြီး သန့်ရှင်းတဲ့ စွမ်းအင်အစ ပျိုးမှုတွေကို လုပ်ဆောင်ဖို့ ဖန်တီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံကို နျူကလီးယားခေတ်ရောက်ရှိဖို့အတွက် အသေးစားမော်ဂျူလာ ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ချိန်မှာ နည်းပညာအကူအညီပေးဖို့ အမေရိကန်က ကူညီမှာဖြစ်သလို ဓာတ်ပေါင်းဖို တွေကို အရေးပေါ်အခြေအနေတွေမှာလည်း အဝေးက ပိတ်နိုင်တဲ့ လူလုပ်တုံ့ပြန်မှု မလိုအပ်တဲ့ အတွက်ကြီးမာတဲ့ ခေတ်ဟောင်းနျူကလီးယား ဓာတ်ပေါင်းဖိုတွေထက် ဘေးကင်းတယ်လို့ ဆိုပါ တယ်။ 

ဓာတ်ပေါင်းဖိုတွေဟာ နည်းပညာအသစ်တွေကို အသုံးပြုပြီး လုံခြုံရေးနဲ့ ပြန့်ပွားမှုမရှိတဲ့ အမြင့်ဆုံး စံချိန်စံညွှန်းတွေ ပါရှိနေပေမယ့် နေရာယူမှုပိုနည်းပါးတယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် နည်းပညာတွေကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကန်ရဲ့ ကျွမ်းကျင်သူတွေ ဟာ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

သန့်ရှင်းတဲ့ နျူကလီးယားစွမ်းအင်ဆီရွှေ့လျားမှုဟာ (၂၀၆၅) ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပန်းတိုင် ဖြစ်တဲ့ ကာဗွန်ကြားနေရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် နျူကလီးယား ဓာတ်ပေါင်းဖိုအသေးစားတွေကို ဘယ်လောက်မြန်မြန်တည်ဆောက် မယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ Thai PBS World က ဆိုထားပါတယ်။ 

လက်ရှိမှာတော့ ဒီနည်းပညာကို အာဂျင်တီးနား၊တရုတ်နဲ့ ရုရှားနိုင်ငံတွေမှာ အသုံးပြုနေပြီး ဓာတ်ပေါင်းဖိုတွေကို ထိုင်းနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ အမေရိကန်က ပူးပေါင်းဆောင် ရွက်နေပြီး အဲ့ဒီနိုင်ငံတွေဟာ ရှေ့ပြေးပုံစံတွေကို တည်ဆောက်နေတယ်လို့ သိရပါတယ်။ 

အမေရိကန် ဒုသမ္မတ အနေနဲ့ ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံပြီး နျူကလီးယား စွမ်းအင်ဆိုင်ရာ အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ကာ ထိုင်းနိုင်ငံအတွက် ကတိပြုမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အမေရိကန်ဟာ ချွန်ဘူရီမှာ ကမ္ဘာ့အဆင့်မီ ကင်ဆာကုသရေးစင်တာတစ်ခု တည်ဆောက် ပေးဖို့အပြင် အင်တာနက်လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

Ref: Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.