ပြုံယမ်း – နိုဝင်ဘာ(၂၀)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်နိုင်ငံထိရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ကိုစမ်းသပ်ပစ်ခတ်မှုကို အတည်ပြုမထားနိုင်တဲ့ သူ့ရဲ့ သမီးငယ်နဲ့အတူ ကြည့်ရှု ခဲ့တယ်လို့ KCNA က ဖော်ပြထားပါတယ်။
နိုင်ငံပိုင်မီဒီယာ KCNA မှာ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဟာ သမီးငယ်လက်ကိုတွဲပြီး တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်တဲ့ လျှောက်လမ်းနားမှာ ရှိနေတယ်လို့ ဆိုထားတာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်တို့ သားဖနှစ်ဦး ကြည့်ရှုနေတဲ့ ဒုံးကျည်ဟာ Hwasong-17 ဖြစ်ပြီး အကွာအဝေး ၉၉၉.၂ ကီလိုမီတာ(၆၂၁ မိုင်)အထိရောက်ရှိနိုင်ပြီး ပြုံယမ်းနိုင်ငံတကာ လေယာဉ်ကွင်းက လွှတ်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်အစိုးရကတော့ ဒီတိုက်ချင်းပစ်ဒုံးကျည်အသစ်ဟာ အမေရိကန် ပြည်မကြီးအထိ ရောက်ရှိ နိုင်တယ်လို့ မြောက်ကိုရီးယားရဲ့ နိုဝင်ဘာလ(၁၈) ရက်နေ့ က ပစ်လွှတ်မှုအပြီးမှာ သတိပေးထား ပါတယ်။
“ရန်သူများအနေဖြင့် နျူကလီးယားပစ်လွှတ်မှုနှင့် ပတ်သက်သော အလားအလားစကားများကို မကြာခဏပြောပြီး မြောက်ကိုရီးယားသို့ ခြိမ်းခြောက်မှုများကို ဆက်လက်ဆောင်ရွက်နေပါက ကျွန်ုပ်တို့ ပါတီနှင့်အစိုးရ နျူကလီယားလက်နက်များကို အသုံးပြုကာ ပြတ်ပြတ်သားသား တုံ့ပြန်ပြီး ထိတိုက်ရင်ဆိုင်သွားမည်” လို့ ကင်မ် ရဲ့ ပြောဆိုတာနဲ့ပတ်သက်ပြီး KCNA မှာ အစီရင် ခံထားပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယား ခေါင်းဆောင်က ဒီစမ်းသပ်ပစ်လွှတ်မှုဟာ ကိုရီးယားကျွန်းဆွယ်ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးဖို့ ရမယ်ရှာနေတဲ့ ရန်သူတွေရဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန် နိုင်တဲ့ နိုင်ငံရဲ့ စွမ်းဆောင်ရည်ကို ပြသတာဖြစ်တယ်လို့ KCNA က ဆိုထားပါတယ်။
Ref:CNN