တီဟီရန် – နိုဝင်ဘာ(၂၀)
အစ္စလာမ္မစ်သမ္မတနိုင်ငံတည်ထောင်သူ အရာတိုလာရိုဟိုလာခိုမီနီရဲ့ အီရန်မှာရှိတဲ့ ဘိုးဘွားပိုင် အိမ်ကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြတယ်လို့ BBC မှာ ဖော်ပြထားပါတယ်။
ခမောက်မြို့မှာ တည်ရှိတဲ့ အဲဒီအဆောက်အအုံ မီးလောင်နေတဲ့ပုံတွေကို နိုင်ငံတကာသတင်း တွေမှာဖော်ပြထားသလို ဒေသတွင်းမီဒီယာတွေကလည်း မီးရှို့ခံရတဲ့ အိမ်ရဲ့ တည်နေရာကို အတည်ပြုထားပေမယ့် အာဏာပိုင်တွေကတော့ မီးရှို့မှုဖြစ်ပွားတာမရှိဘူးလို့ ငြင်းဆိုထား ပါတယ်။
အရာတိုလာရို ဟိုလာ ခိုမီနီ ကိုအဲဒီအိမ်မှာမွေးဖွားခဲ့ပြီး ယခုအခါ သူမွေးဖွားရာ အထိမ်း အမှတ်အဖြစ် အဆိုပါ အိမ်ကို ပြတိုက်တစ်ခုအဖြစ်သာထားရှိ ထားတာ ဖြစ်တယ် လို့သိရပါတယ်။
ခိုမီနီဟာ၁၉၇၉ ခုနှစ်မှာ အီရန်ရဲ့ အစ္စလာမ္မစ်တော် လှန် ရေးခေါင်းဆောင်ဖြစ်လာပြီး နိုင်ငံရဲ့ အနောက်တိုင်း ခေါင်းဆောင် ဆာ့မိုဟာမက်ရီဇာ ကို ရာထူးမှ ဖယ်ရှား ခဲ့ပြီး သီအိုကရက် တစ်နိုင်ငံအဖြစ်တည်ထောင်ပြီး ယနေ့အချိန်အထိဆက်လက် တည်ရှိစေခဲ့သူဖြစ်ပါတယ်။
ခိုမီနီဟာ ၁၉၈၉ ခုနှစ် သူကွယ်လွန်ချိန်အထိ အီရန်နိုင်ငံရဲ့ပထမဆုံးသော ထိပ်တန်း ခေါင်းဆောင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူသေဆုံးတဲ့နေ့ကို နှစ်စဉ် နှစ်တိုင်း ဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ဆဲ ကျင်းပ ဆဲဖြစ်ပါတယ်။
မီးလောင်မှုဖြစ်ပွားနေတဲ့ ဒီဗီဒီယိုဖိုင်ကို နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ရိုက်ကူးခဲ့တယ်လို့တက်ကြွလှုပ်ရှား သူတွေက ပြောခဲ့ပြီး ဒီဖိုင်ကို လူမှုကွန်ရက်မှာ ဒါဇင်ပေါင်းရာနဲ့ချီပြီး ပြန်လည် မျှဝေခဲ့ကြတယ်လို့ လည်း သိရပါတယ်။
ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သတ်သက်လို့ ခရိုင်အစိုးရက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး မီးလောင်မှုမဖြစ်ပွားခဲ့ ဘူးလို့ ငြင်းဆိုထားပါတယ်။
မီးလောင်မှုဟာ အရာတိုလာရို ဟိုလာ ခိုမီနီရဲ့ အရိုက်အရာကို ဆက်ခံသူ အယာတိုလာ အလီ ခါမေနီနဲ့ အစိုးရကိုဦးတည်လှုပ်ရှားတဲ့ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေအတွင်း နောက်ဆုံး ဖြစ်ပွား ထားတဲ့ရပ်တစ်ခု ဖြစ်တယ်လို့သိရပါတယ်။
အီရန်မှာ ဘာသာရေးအသင်းအဖွဲ့တွေ ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများတွေဟာ တင်းကျပ်တဲ့ ဟီဂျဘ်စည်းမျဉ်း တွေကို ချိုးဖောက် တယ်လို့ စွပ်စွဲခံထားရတဲ အသက်( ၂၂) နှစ်အရွယ် မာဆာအမီနီဆိုသူ အမျိုးသမီးကို ဖမ်းဆီး ထိန်းသိမ်း ခံရပြီးချိန် လွန်ခဲ့တဲ့ နှစ်လကစတင် ဖြစ် ပွားခဲ့တာပါ။
နိုဝင်ဘာ ၁၇ရက် ကဖြစ်ပွားခဲ့တဲ့နောက်ဆုံးမ ငြိမ်မသက်ဖြစ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။
Ref:BBC