ကာတာ၊ နိုဝင်ဘာ (၂၀)

ကမ္ဘာ့ဖလားပြိုင်ပွဲမစခင် ၂ ရက်အကြာမှာ ဖီဖာက မူဝါဒတွေကို ပြောင်းလဲလိုက်ပြီးနောက် ကာတာရှိ အားက စားရုံ ၈ ခုကို လာရောက်မယ့် ပွဲကြည့်ပရိတ်သတ်တွေအတွက် အရက်ရောင်းချခွင့်ကို တားမြစ်လိုက်ပိတ်ပင် လိုက်ပါတယ်။

ကာတာမှာ အရက်အရောင်းချခွင့်ကို ပြင်းပြင်းထန်ထန်ကန့်သတ်ထားပေမယ့်လည်း အားကစားရုံတွေမှာအရက် သောက်သုံးနိုင်မယ့် နေရာတွေကို သတ်မှတ်ထားခဲ့ပြီး ဆက်စပ်ဧရိယာ အတွင်းမှာရှိတဲ့ နေရာတချို့မှာ အရက် ဝယ်ယူခွင့်ပြုထားခဲ့တာပါ။

ဒါပေမယ့် အခုချိန်မှာတော့ မူဝါဒ အပြောင်းအလဲကြောင့် အရက်ရောင်းချခွင့်ကို ပိတ်ပင်ထားလိုက်တာကြောင့်  ဖီဖာရဲ့  အဓိက စပွန်ဆာဖြစ်တဲ့ Budweiser လည်း ကမ္ဘာ့ဖလားမှာ ဘီယာရောင်းချဖို့ အခွင့်အရေး မရှိတော့ ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

“အိမ်ရှင်အာဏာပိုင်တွေနဲ့ ဖီဖာတို့ကြား ဆွေးနွေးမှုအပြီးမှာတော့ ဖီဖာက ပရိတ်သတ်တွေအတွက် လိုင် စင်ရ ထားတဲ့ (သတ်မှတ်ထားတဲ့) နေရာတွေမှာသာ  အရက်ယမကာရောင်းချမှုကို အာရုံစိုက်ဖို့ ဆုံးဖြတ် ချက်ချခဲ့ပြီး ကာတာနိုင်ငံရဲ့ ဖီဖာကမ္ဘာ့ဖလား ၂၀၂၂ ဘောလုံးပြိုင်ပွဲ အားကစားကွင်းဘေးပတ်လည်မှာ ဘီယာရောင်းချ တာတွေကို ဖယ်ရှားခဲ့ပါတယ်” လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Budweiser ကတော့  “အင်း၊ ဒါက အဆင်မပြေဘူး” လို့ သောကြာနေ့က Twitter မှာ မျှဝေခဲ့ပြီး နောက်ပိုင်းမှာ တော့  ပြန်ဖျက်သွားခဲ့တာပါ။

တချို့သော ထိန်းချုပ်လိုက်တဲ့ အခြေအနေတွေကြောင့် စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်မှာ မဟုတ်တော့ ဘူးလို့  Budweiser ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ဖို့ စီစဉ်ထားတဲ့ ပရိသတ်တစ်ဦးကတော့ “ပွဲတော်ကို ပြုလုပ်ဖို့ ၁၂ နှစ်လောက် အချိန်ယူခဲ့ပြီး နောက်ဆုံးမိနစ်မှာ အပြောင်းအလဲတွေ အများကြီးရှိသွားတာက အဆင်မပြေဘူးလို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ  ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်မယ့်ရက်ကို ပြောင်းလဲခဲ့ပြီး ပြိုင်ပွဲရဲ့ ပထမဆုံးပွဲနေ့မှာ ကာတာဟာ အီကွေဒေါနဲ့  ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.