APEC အစည်းအဝေးနဲ့ ဝန်ကြီးချုပ် ပရရွတ်ကိုရှုပ်ချသူတွေကို ထိုင်းရဲတပ်ဖွဲ့ ရာဘာကျည်သုံး ဖြိုခွင်း
ဘန်ကောက် – နိုဝင်ဘာ(၁၉)
အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးကျင်းပနေတဲ့ ဘန်ကောက်မြို့ထဲမှာ အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှား သူတွေကို ရာဘာကျည်အသုံးပြုပြီး ဖြိုခွဲခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ တာဝန်ယူကြီးကြပ်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
တက်ကြွလှုပ်ရှားသူ အယောက် (၂၅၀) လောက်ဟာ APEC အဖွဲ့ဝင်ခေါင်းဆောင်တွ တွေ့ဆုံ စည်းဝေးတဲ့ နေရာရဲ့ (၁၀) ကီလိုမီတာ ပတ်ဝန်းကျင်ကို ရောက်ရှိလာခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ မစ္စတာ အာရှ်ယန်ကရိုင်ထွန်က ဆိုခဲ့တာပါ။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာတော့ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ကားတွေကို ဖြတ်ကျော်ဖို့ ကြိုးစားပြီးနောက် ထိပ်တိုက်တွေ့ချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ဆန္ဒပြ သူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်နေတာဖြစ်ပါတယ်။
“ပြည်သူများသည် Apec ထိပ်သီး အစည်းအဝေးနှင့် ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာကို ဆန့်ကျင်နေကြခြင်းဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့ဘက်ကနေ လွန် လွန်းတာပါ။ သူတို့က ရာဘာကျည်ဆံတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်ပြီးတော့ ကျွန်ုပ်တို့ကို တားဆီးဖို့ကြိုးစားနေတာပါ” လို့ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက ရိုက်တာကိုပြောပါတယ်။
အဲ့ဒီနောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေထဲက (၁၀) ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီသီတင်းပတ်အစောပိုင်းတည်းက ဘန်ကောက်မြို့က ထိပ်သီးအစည်းအဝေးနေရာအနီးတဝိုက် နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တည်းခိုနေတဲ့ ဟိုတယ်တွေမှာ ရဲတပ်ဖွဲ့တွေကို ထူထပ်စွာချထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တက်ကြွလှုပ်ရှားသူ (၁၀၀) လောက်ဟာ ဘန်ကောက်မြို့လယ်အာဆော့ က လုံခြုံရေးအတားအဆီးတွေဆီရောက်လာပြီး ထိပ်သီးအစည်းအဝေးကို ရှုတ်ချခဲ့ကာ နိုင်ငံသား တွေအတွက် အကျိုးမဖြစ်ထွန်းဘဲ ကုမ္ပဏီကြီးတွေသာ အကျိုးရှိနိုင်တဲ့ BCG Model ဇီဝအခြေ ပြု အစိမ်းရောင်စီးပွားရေးပုံစံကို ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
“ဆန္ဒထုတ်ဖော်သူများကာ ဥပဒေကို ချိုးဖောက်တဲ့ အပြင် ရဲအရာရှိတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တာပါ” လို့ မစ္စတာ အာရှ်ယန် က ပြောခဲ့ပြီး ရဲဘက်က အရာရှိ(၅) ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Ref: The Straits Time