အိုကလာဟိုးမား၊ နိုဝင်ဘာ (၁၉)
အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အိုကလာဟိုးမားမြို့အုပ်ချုပ်ရေးဌာနနဲ့ မြို့နယ် ရဲဌာနဟာ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေကို ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ပြောပါတယ်။
ဒီပြဿနာကို အမေရိကန်မသန်စွမ်းဥပဒေ(ADA) မှာအကျုံးဝင်တဲ့ အိုကလာဟိုးမား ဖက်ဒရယ် ဥပဒေအရ စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။
အမေရိကန်တရားရေးဌာနမှ လက်ထောက်ရှေ့နေချုပ် Clarke ကတော့ ပြည်သူတွေကို လုပ်ဆောင် ပေးရမယ့် ရပ်ရွာအခြေပြု ဝန်ဆောင်မှုတွေဟာ ပြည်သူတွေက အားကိုးရမယ့်အစား အပြုအမူ ပိုင်းဆိုင်ရာ ပြဿနာ တွေရှိနေတာကြောင့် စိတ်ရောဂါဆိုင်ရာအဖွဲ့အစည်းတွေကို မှီခိုနေရတယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်မသန်စွမ်းဥပဒေ(ADA) မှာပါဝင်တဲ့ မသန်စွမ်းသူတွေ တန်းတူဖြစ်စေရေးအတွက် ရေးဆွဲထားတဲ့ ပရိုဂရမ်တွေနဲ့ ဝန်ဆောင်မှုတွေကို အသက်ဝင်စေဖို့အတွက်ပြည်နယ်တွေမှာရှိတဲ့ ဒေသန္တရအစိုးရတွေက ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့ လည်း Clarkeကဆိုပါတယ်။
ဒါ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာ အရေးပေါ်ဖုန်းဝန်ဆောင်မှုတွေကို အိုကလာဟိုးမား စီးတီးမြို့တော်ရဲတွေက ADAစံနှုန်းတွေနဲ့အညီ ဘယ်လောက်အထိ လိုက်နာဆောင်ရွက်တယ် ဆိုတာကိုပါ တရားရေးဌာနက စစ်ဆေး သွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
“အိုကလာဟိုးမားပြည်နယ် အစိုးရဟာ ရပ်ရွာအခြေပြု ဝန်ဆောင်မှုတွေကို ပေးဆောင်ဖို့ ပျက်ကွက် နေတာကြောင့် အိုကလာဟိုးမားကောင်တီဟာ စိတ်ပိုင်းဆိုင်ရာ ပြသနာရှိသူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေလုပ်ဆောင်ပေးနိုင်သလား၊ အကူအညီလိုသူတွေအတွက် အဆက်အသွယ်ရစေဖို့ ဝန်ဆောင်မှုပေးခဲ့ခြင်း ရှိ၊ မရှိ အကဲဖြတ်မှာဖြစ်ပါတယ်”လို့ Clarke က ပြောကြားခဲ့ပါတယ်။
အမေရိကန်တရားရေးဌာနက အကြီးတန်းအရာရှိတစ်ဦးကတော့ ဒီစစ်ဆေးမှုဟာ ခွဲခြားဆက်ဆံ ခြင်းခံရတယ်ဆိုတဲ့ တိုင်ကြားမှုတစ်ခုကို အစပြုပြီးပေါ်ပေါက်လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref;Reuters