ဘာလီ – နိုဝင်ဘာ(၁၅) 

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးမတိုင်ခင် ဒေသတွင်း နယ်စပ်ဖြတ် ကျော်ငွေပေးချေမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို အရှေ့တောင်အာရှမှာရှိတဲ့ ဗဟိုဘဏ်(၅) ခုက နိုဝင်ဘာလ(၁၄) ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ အင်ဒိုနီးရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ပယ်ရီဝါဂျီယိုက ဒေသတွင်းဆက်သွယ်မှုမြန်ဆန်တဲ့(QR) ကုဒ်ကိုအသုံးပြုပြီး လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုခဲ့ ပါတယ်။ 

လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ရဲ့ QR ကုဒ်ကိုအသုံးပြုပြီး ငွေပေးချမှုစနစ်ကို ဒီနှစ် အစောပိုင်းက ထိုင်းနိုင်ငံနဲ့ချိတ်ဆက်ထားသလို တခြားနိုင်ငံတွေနဲ့လည်း မကြာခင် ဆောင်ရွက် ဖို့ရှိတယ်လို့ သူက ပြောပါသေးတယ်။ 

အာဆီယံဗဟိုဘဏ်တွေရဲ့ သဘောတူညီချက်မှာ လက်လီငွေပေးချေမှုစနစ်တွေ ချိတ်ဆက်ထား တာ၊လက်ကားအဆင့်နဲ့ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးတွေအထိ အစုစပ်လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြည်တွင်းသုံးငွေလွှဲပြောင်းမှုတွေကို အသုံးပြုမှာဖြစ်တဲ့အတွက် အမေရိကန်ဒေါ်လာ ကိုပြောင်းလဲဖို့ မလိုအပ်တော့ဘူးလို့လည်း သိရပါတယ်။ 

နယ်စပ်မြတ်ကျော်ငွေပေးချေမှု ပဏာမခြေလှမ်းကို ကမ္ဘာ့အဆင့်ထိ တိုးမြှင့်နိုင်ဖို့ မျှော်လင့် တယ်လို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ရုပ်သံကတစ်ဆင့် အသိပေးခဲ့ပါတယ်။ 

 နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့တဲ့ နိုင်ငံတွေဟာ အင်ဒိုနီးရှား၊မလေးရှား၊ထိုင်း၊ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံတို့ ဖြစ်တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.