မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၅)ရက်
ရှက်တာဒိုးနက်အသင်းနဲ့ ယူကရိန်းလက်ရွေးစင် ကြယ်ပွင့် ကစားသမား မူဒရစ်ခ်က အာဆင်နယ်အသင်းမှာ လာရောက် ကစားလိုကြောင်း အင်တာဗျူး အစီအစဉ်တစ်ခုမှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ယူကရိန်းကြယ်ပွင့် တိုက်စစ်ကစားသမား မူဒရစ်ခ်ဟာ ဒီရာသီမှာ ရှက်တာဒိုးနက်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေသလို ပုံမှန်ပွဲထွက် ရရှိထားတာ ဖြစ်ပါတယ်။
မူဒရစ်ခ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ အရံအဖြစ် နေမလား ဒါမှမဟုတ် အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားသမား ဖြစ်ချင်လားဆိုရင် အာဆင်နယ်အသင်းမှာပဲ ပွဲထွက်ကစားသမား ဖြစ်ချင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ သူအပေါ် ဘယ်လို သဘောထားသလဲနဲ့ ပွဲထွက်ခွင့်ပေးနိုင်မလားဆိုတာ အသင်းနည်းပြဖြစ်သူဆီကနေ တိုက်ရိုက်ကြားလိုတယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ယူကရိန်းကြယ်ပွင့် မူဒရစ်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။ယူကရိန်းကြယ်ပွင့် မူဒရစ်ခ်ဟာ လက်ရှိမှာတော့ ရှက်တာဒိုးနက်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၈ ပွဲကစားပေးထားပြီး သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးထားပါတယ်။သတင်း – သံလွင်တိုင်းမ်