ရန်ကုန်၊ နိုဝင်ဘာ (၁၅)
ရန်ကုန်မြို့၊အင်းစိန်အကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဒါရိုက်တာ မင်းထင် ကိုကိုကြီး(ခ) ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွား (ခ) စောအလန်စတီးတို့ဟာ ဒီနေ့ နံနက် ၁၀နာရီခွဲခန့်က ပြန်လည်လွတ်မြောက်လာပြီလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးကို စစ်တပ်က ပုဒ်မ ၅၀၅(ခ)နဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်မှာ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး အဆိုတော်စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀ (က)နဲ့ ပုဒ်မ ၅၀၅ (ခ)တွေနဲ့ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားကြတာဖြစ်ပါတယ်။
အဆိုတော်စောဖိုးခွားဟာ ငြိမ်းချမ်းရေးဆိုင်ရာ အနုပညာ လှုပ်ရှားမှုတွေကို လုပ်ဆောင်လေ့ရှိသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလမှာ NLD ပါတီအတွက် စည်ရုံးရေးတွေလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။
ဒါရိုက်တာ မင်းထင် ကိုကိုကြီးဟာလည်း NLDပါတီကိုထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလို ထိန်းသိမ်းမခံရခင်ကတည်းက စစ်ကောင်စီရဲ့ မကြာခဏခေါ်ယူစစ်ဆေးခံရသူတစ်ဦးဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်မ်း