ကျောက်ထု – နိုဝင်ဘာ(၁၄)

မကွေးတိုင်း ကျောက်ထုမြို့မှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်က ထွက်ပြေးသွားတဲ့ စစ်သား တွေရဲ့သား(၄)ဦးကို ဒေသခံတွေမရှာပေးရင် ရွာတွေကို မီးရှို့မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက် နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၂) ရက်နေ့က သူတို့(၄)ဦးဟာ တပ်တွင်းမနေလိုတော့တဲ့အတွက် ထွက်ပြေး ခဲ့ကြတာဖြစ်ပြီး ဘယ်ကိုရောက်နေတယ်ဆိုတာ တိတိကျကျမသိရဘူးလို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျောက်ထုမြို့နယ် လက်ပန်းရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်နေ ကြပေမယ့် သူတို့ရဲ့ သားတွေဟာ အဲ့ဒီကျေးရွာကို ရောက်မလာကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကျေးရွာထဲက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ အချိန်မရွေး မီးရှို့ခံရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေတာပါ။

ဒါ့အပြင် လက်ပန်းရွာနဲ့အတူ ကံအိုးရွာနဲ့ ပဆုတ်ရွာတွေကို မီးရှို့မယ်လို့လည်း ခြိမ်းခြောက်ခံ ထားရ တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်မ (၅၅)-(၁၁)-(၁၀၁)နဲ့ ပျူစောထီ ပူးပေါင်းအဖွဲ့တွေဟာ လက်ပန်း ကျေးရွာထဲက ဆရာတော်တစ်ပါးနဲ့ ကျေးရွာရပ်မိရပ်ဖလို့ ယူဆရတဲ့ အမျိုးသား (၄) ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ပဆုပ်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ညအိပ်စခန်းချနိုင်တဲ့အတွက် အနီးနားကျေးရွာနေ ပြည်သူတွေအနေနဲ့ လုံခြုံရေး ဂရုစိုက်ကြဖို့ ယောအလင်းတန်းက သတိပေး ထားပါတယ်။

သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.