ကိုလံဘို – နိုဝင်ဘာ(၁၀)
သီရိလင်္ကာနိုင်ငံမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေတဲ့ ပြည်သူ အရေအတွက်ဟာ ၃.၄ သန်းအထိနှစ်ဆ တိုးမြှင့်သွားခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် တောင်အာရှကျွန်းနိုင်ငံမှာ ပိုမိုဆိုးရွားတဲ့ အစာရေဆာကပ်ဘေးတစ်ရပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကုလသမဂ္ဂ က သတိပေးထားခဲ့တာပါ။
သီရိလင်္ကာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုလအေဂျင်စီတွေဟာ အင်္ဂါနေ့ နိုဝင်ဘာ၈ ရက်နေ့ ပူးတွဲကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
ဆင်းရဲမွဲတေတဲ့ လူဦးရေလို့ ပြောနိုင်တဲ့ အစာရေဆာ လိုအပ်သူ လူဦးရေဟာ ၇၀ သန်းရှိခဲ့ရာမှ အခုအခါမှာတော့ ၇၉ သန်းအထိ မြင့်တက်လာခဲ့တာပါ။
“သီရိလင်္ကာနိုင်ငံမှာ အစာရေဆာရှားပါးမှုဟာ ဆင်းရဲမွဲတေမှုတွေ များပြားလာခြင်း
၊ နိုင်ငံခြားငွေ ကြေးလဲလှယ်မှုတွေ ပြတ်လပ်လာခြင်းနဲ့အိမ်ထောင်စုတွေ လျှပ်စစ်ဓါတ်အား ဝယ်ယူမှုလျော့နည်း လာခြင်းစတဲ့ အကျိုးဆက်တွေ ကြောင့်ဖြစ်ပါတယ်”
လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလအေဂျင်စီရဲ့ ဇွန်လ ခန့်မှန်းချက်အရ သီရိလင်္ကာရှိ လူဦးရေ ၂၂ သန်းအနက် ၁.၇သန်းသော လူဦးရေဟာ အကူအညီလိုအပ်တဲ့ သူတွေဖြစ်တယ်လို့ ပါရှိပါတယ်။
ကုလသမဂ္ဂရဲ့ ပြင်ဆင်ထားတဲ့အစီအစဥ်အရ လူဦးရေ ၂.၁သန်း ကို အစာရေဆာထောက်ပံ့ပေးနိုင်ရန်အတွက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ ကျောင်းသား/သူတွေ၊ လယ်သမားတွေနဲ့
ငါးဖမ်းသမား ၁.၅ သန်းကိုလည်း အသက်မွေးဝမ်း ကျောင်း အခြေပြု အထောက်အပံ့တွေ
ပါဝင်တယ်လို့လည်း သိရပါတယ်။
သီရိလင်္ကာဟာ လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်ကတည်းဆိုလျှင် အဆိုးရွားဆုံး စီးပွားရေး ကပ်ဘေးကို ရင်ဆိုင်နေရပြီး ငွေကြေး ဖောင်းပွမှု၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့လောင်စာဆီကို အချိုးချရောင်းချပေးခြင်း စတဲ့အရာတွေကလည်း လွန်ခဲ့တဲ့ နှစ်အတွင်းက ဖြစ်ပေါ်လာခဲ့တာပါ။
တောင်အာရှနိုင်ငံဖြစ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းထားမှာ ပြီးခဲ့တဲ့နှစ်အတွင်း ၁၃.၁ ရာခိုင်နှုန်းသာရှိခဲ့ရာမှ အခုနှစ်တွင် ၂၅.၆ ရာခိုင်နှုန်းအထိ နှစ်ဆ မြင့်တက်လာခဲ့ပါတယ်။
Ref: Aljazeera